သီရိမင်္ဂလာဈေးရှိ သစ်သီးဝလံဈေးနှုန်းများ

Powered by Drupal

   ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် တိုင်း/ပြည်နယ်များမှ သစ်သီးများ အများ ဆုံးဝင်ရောက်ကြောင်း သိရှိရပြီး မေလ (၂၇) ရက်နေ့ မှ ဇွန်လ (၃) ရက်နေ့အထိ ဖြစ်ပေါ် ခဲ့သော မော်လမြိုင်မှ ကြက်မောက်သီး ၁၀ လုံး ကျပ် ၂၀၀၀၊ ကျိုက်ကော် မှ နာနတ်သီးတစ်လုံး ကျပ် ၂၀၀၀/၃၀၀၀/၄၀၀၀၊ ရေးမှ ဒူးရင်းသီး တစ်လုံး ကျပ် ၁၀၀၀၀/၂၀၀၀၀/၃၀၀၀၀ ၊ မော်လမြိုင် မှ ကျွဲကောသီး ကျပ် ၅၀၀၀/၆၀၀၀/၇၀၀၀၊  ပြင်ဦးလွင်မှ မင်းဂွတ်သီး ၁၀ လုံး ကျပ် ၃၅၀၀၊ အောင်ပန်းမှ ပျားလိမ္မော်သီး တစ်ပိဿာ ကျပ် ၆၀၀၀/၈၀၀၀၊ ဝမ်းတွင်းမှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၅၀၀၀/၇၀၀၀/၈၀၀၀၊ ရပ်စောက်မှ ဖရဲသီး(855) တစ်လုံးကျပ် ၁၈၀၀၀၊ တိုက်ကြီးမှ မာလာကာသီး အိတ်ကြီးတစ်အိတ် ၈၀၀၀၀ကျပ်၊ ယိုးဒယားပန်းသီးတစ်သေတ္တာ ကျပ် ၁၃၀၀၀၀/ ၁၄၀၀၀၀ ၊ ဘီးလင်းမှ ပိန္နဲသီးကျပ် ၅၀၀၀/၁၀၀၀၀/၁၅၀၀၀၊ ဧရာဝတီတိုင်းမှ သရက်သီး(မချစ်စု) တောင်းတစ်တောင်း ကျပ် ၂၅၀၀၀/၁၅၀၀၀၊  သရက်သီး (ရင်ကွဲ) တောင်းတစ်တောင်း ကျပ်  ၂၀၀၀၀/၁၅၀၀၀/၁၀၀၀၀တို့ရှိကြောင်း သစ်သီးဈေးနှုန်းများသည့် ဈေးနှုန်းမြင့်တက်မှုမရှိဘဲ ယခင် တစ်ပတ်နှင့် ယခုတစ်ပတ် ဈေးနှုန်းများ အနည်းငယ်သာပြောင်းလဲကြောင်း  သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီး ဝလံပန်းမန် ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချသူ များအသင်း (MFVP) မှ သိရှိရပါသည်။

DOCA( ရန်ကုန်)