
ယခုလတွင် ဒူးရင်းသီးများ လှိုင်လှိုင်ထွက်ရှိပြီး ယခင်နှစ်ထက် ဈေးကောင်းရရှိသည်။ မော်လမြိုင်မြို့အသီးနှင့် ရေးမြို့အသီးများကို ပိုမိုစားသုံးကြ၍ ဈေးကောင်းပိုရသည်။ ဈေးနှုန်း အနေဖြင့် အသီးအရွယ်အစားပေါ်မူတည်၍ ဈေးနှုန်းကွာဟမှုရှိသည်။ ဒူးရင်းသီး (အကြီး) တစ်လုံးလျှင် ၄၀၀၀၀ ကျပ်မှ ၅၀၀၀၀ကျပ်၊ ဒူးရင်းသီး(အလတ်)တစ်လုံးလျှင် ၂၅၀၀၀ ကျပ်မှ ၃၅၀၀၀ကျပ်၊ ဒူးရင်းသီး(အသေး) တစ်လုံးလျှင် ၈၀၀၀ ကျပ်မှ ၁၅၀၀၀ကျပ်အတွင်း ဖြစ်သည်။ အရောင်းအဝယ်အနေဖြင့် ကုန်သည်များ ခြံအရောက် လာရောက်ဝယ်ယူခြင်း၊ ခြံရှင်များမှ သီးနှံအဝယ်ဒိုင်များကို တိုက်ရိုက်ရောင်းချခြင်းနှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များ(ရန်ကုန်၊ မန္တလေးတိုင်း၊ နေပြည်တော်)သို့ တင်ပို့ရောင်းချလျက်ရှိကြောင်း သိရှိရသည်။
DOCA (မွန်)