ကန့်ဘလူမြို့၌ ရောင်းချနေသော ရာသီစာ သရေစာများ

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်အနေဖြင့် ဒေသတွင်း စိုက်ပျိုးထွက်ရှိသည့် သီးနှံဈေးနှုန်းများ၊ ရာသီပေါ်အစားအစာများ၏ ဈေးနှုန်း၊ဈေးကွက်အခြေအနေတို့အား ရေးသားတင်ပြလျက်ရှိရာ ယခုအခါ ကန့်ဘလူမြို့ပေါ်ရှိ ကုန်စုံဆိုင်များတွင်ရောင်းချလျက်ရှိသည့် ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက်ကို ရွှေဘိုမြို့ရှိလက္ကားဆိုင်များမှ ဝယ်ယူရောင်းချကြောင်း သိရသည်။

     ၂၀၂၅ ခုနှစ်၊ ဇွန်လ ပထမပတ်တွင်ရောင်းချနေသော ဇီးတော်ဖီ(ခေါ်)ဇီးထန်းလျက် ဈေးနှုန်း မှာ(၁)ပိဿာလျှင် (၆၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၃၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၆၅၀) ကျပ်ဖြင့် ရောင်းချကြောင်း၊ ဇီးတော်ဖီကို သဘာဝဇီးသီးမှုန့်၊ ထန်းလျက်၊ သကြားစသည့်တို့ ဖြင့်ပြုလုပ်ထားသည့်အတွက် ချဉ်ချိုအရသာပြီး လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ ပုံမှန်အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း၊ ခုနှစ်၊ ဇွန်လ ပထမပတ်တွင် ရောင်းချ နေသော ကြံသကာဈေးနှုန်းမှာ တစ်ပိဿာလျှင် (၆၀၀၀)ကျပ် ၊ (၅၀)ကျပ်သားလျှင် (၃၂၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၆၅၀)ကျပ်ဖြင့် ရောင်းချကြောင်း၊  ဇွန်လ ပထမပတ်တွင် ရောင်းချနေသော နှမ်းပျစ်(ခေါ်)နှမ်းကပ်ယို ဈေးနှုန်းမှာ (၁)ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၀၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၂၀၀) ကျပ်ဖြင့်ရောင်းချကြောင်း၊ ဇွန်လ ပထမပတ်တွင် ရောင်းချနေသော မြေပဲယိုဈေးနှုန်းမှာ (၁)ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ (၅၀)ကျပ်သားလျှင် (၆၅၀၀)ကျပ်နှင့် (၁၀)ကျပ်သားလျှင် (၁၄၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ မြေပဲယိုကို မြေပဲ၊ ထန်းလျက် စသည့်တို့ဖြင့် ပြုလုပ်ထားသည့်အတွက် လူကြီးလူငယ်မရွေး ကြိုက်နှစ်သက်၍ ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း လုပ်ငန်းရှင်ထံမှ သိရသည်။

DOCA(စစ်ကိုင်း)