အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ဘူးသီးနှင့်ဘူးညွှန့်ဈေးနှုန်းကျဆင်း

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ အထက်မင်းလှမြို့၊ ဇေယျာသီရိဈေး၌ ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်) မှစတင်၍ မြို့ပတ်ဝန်းကျင်ရှိ ပန်းတော်ပြင်၊ ဥယျာဉ်၊ ညောင်ပင်သာ၊ ရွာတော်ကျေးရွာများအပြင် မြစ်အရှေ့ဘက်ကမ်းရှိ ကျွန်းရွာ၊ မြင်ကွန်းရွာတို့မှ ဘူးသီးနှင့် ဘူးညွှန့်များလှိုင်လှိုင်ဝင်ရောက်ပြီး အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။

   ၂၀၂၅ခုနှစ်၊ ဇွန်လ(ပထမပတ်)တွင် အရောင်းအဝယ်ဖြစ်လျက်ရှိသော ဘူးသီးဈေးနှုန်းမှာ အလုံးအကြီး၊ အသေးအလိုက် (၁)လုံးလျှင် ကျပ်(၃၀၀-၇၀၀)၊ ဘူးညွှန့်သုံးညွှန့်ပါ(၁)စည်းလျှင် ကျပ် (၂၀၀)ဖြင့် ရောင်းချလျက်ရှိပြီး ယခင်မေလ(ပထမပတ်)တွင် ဘူးသီး(၁)လုံးလျှင် အလုံးအကြီး၊ အသေးအလိုက် ကျပ်(၅၀၀-၁၀၀၀)၊ ဘူးညွှန့်(၁)စည်းလျှင် ကျပ်(၃၀၀)ဖြင့် ရောင်းချလျက်ရှိရာ ဈေးနှုန်းနှိုင်းယှဉ်ပါက ယခုတစ်ပတ်တွင် ဘူးသီး ကျပ်(၂၀၀-၃၀၀)၊ ဘူးညွှန့် ကျပ်(၁၀၀) ဈေးနှုန်း ကျဆင်းလာကြောင်း သိရသည်။ ယခုအချိန်သည် မိုးဦးကျကာလဖြစ်၍ ဘူးစိုက်ပျိုးသည့် ကျေးရွာ များ၌ ဘူးသီးနှင့်ဘူးညွှန့်များ လှိုင်လှိုင်ထွက်ရှိချိန်ဖြစ်သောကြောင့် ဈေးနှုန်းမှာကျဆင်းလာရခြင်း ဖြစ်ကြောင်း သိရှိရသည်။

DOCA(မကွေး)