
တနင်္သာရီတိုင်းဒေသကြီးရှိ ဥယျာဥ်ခြံများတွင် အလေ့ကျပေါက်ရောက်လျက်ရှိသည့်အပြင် စီးပွားဖြစ်စိုက်ပျိုးဖြစ်ထွန်းလျက်ရှိသော မင်းဂွတ်ပင်များသည် ယခုဇွန်လအတွင်း အသီးများ ရင့်မှည့်၍ လှိုင်လှိုင်ထွက်ရှိလာပြီဖြစ်ရာ ဇွန်လပထမအပတ်အတွင်း မင်းဂွတ်သီး အကြီးတစ်လုံးလျှင် ၃၀၀ ကျပ်နှုန်းဖြင့် ရောင်းချလျက်ရှိပြီး ယခင် မေလ ပထမအပတ်အတွင်း စျေးနှုန်းများနှင့်နှိုင်းယှဥ်ပါက မင်းဂွတ်သီးအကြီးတစ်လုံးလျှင် ၁၀၀/၁၅၀ ခန့် စျေးနှုန်းကျဆင်းလျက်ရှိကြောင်း ထားဝယ်မြို့ စည်ပင်သာယာစျေးကြီးအရှေ့တွင် ထားဝယ်မြို့အနီးနားရှိ ကျေးရွာများမှလာရောက် ရောင်းချလျက်ရှိသော မင်းဂွတ်သီး ရောင်းချသူများနှင့် ကမ်းနားလမ်းညနေစျေးတန်းရှိ မင်းဂွတ်သီး ရောင်းချသူများထံမှ စုံစမ်းသိရှိရပါသည်။
DOCA (တနင်္သာရီ)