
၂၆.၅.၂၀၂၅ ရက်နေ့၊ နံနက်(၁၀:၀၀)အချိန်တွင် စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန် ရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဒေါ်အေးအေးမော်-စစ်ဆေးရေးမှူးနှင့် ဝန်ထမ်းများသည် ဦးစားပေးကုန်စည်များတွင် တစ်မျိုးအပါအဝင်ဖြစ်သော ရောနှောဆီများအား ဈေးစည်ပင်သာယာရေးအဖွဲ့တို့နှင့် ပူးပေါင်း၍ ဗိုလ်တထောင်မြို့နယ်၊ ဘိုကလေးဈေးအတွင်းရှိ စားသုံးဆီအမျိုးမျိုး လက်လီ/ လက်ကား ရောင်းချသည့် ကုန်စုံဆိုင်များအား စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
အဆိုပါ ရောနှောဆီများအား စစ်ဆေးရာတွင် သတ်မှတ်ညွှန်ကြားချက်အချိုးအစားများနှင့် ကိုက်ညီမှုရှိသော စားသုံးဆီများကိုသာရောင်းချခြင်းရှိ/မရှိ၊ ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာ ဖော်ပြပါရှိသောစားသုံးဆီများရှိ/မရှိ စစ်ဆေးခဲ့ကြရာ စျေးကွက်အတွင်း ရောင်းချနေသောဆီများသည် ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြပါရှိပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံချက် များပါရှိသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်းနှင့် စားသုံးဆီများအား ဈေးနှုန်းမြှင့်တင်ရောင်းချသည်ကို တွေ့ရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှု ဥပဒေအရ အရေးယူခံရမှာဖြစ်ကြောင်းကိုလည်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)