ကျွန်းလှမြို့တွင် ရောင်းချနေသော ကြက်သွန်ဖြူဈေးနှုန်း

Powered by Drupal

၂၀၂၅  ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊  ပိတောက်မြိုင်ဈေးကွက်အတွင်း ကြက်သွန်ဖြူကို ရှမ်းပြည်နယ် အောင်ပန်းမြို့နှင့်မန္တလေးတိုင်းဒေသကြီးမှ အများဆုံး မှာယူ ရောင်း ချလျက်ရှိကြောင်း သိရှိရပါ သည်။

၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်တွင် ကြက်သွန်ဖြူဈေးနှုန်းအနေဖြင့် ဗမာကြက်သွန်ဖြူ အကြီးစ တစ်ပိဿာလျှင် ၁၄,၀၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၃,၅၀၀ ကျပ် ၊ အလတ်စ တစ်ပိဿာ လျှင် ၁၂,၀၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၃,၀၀၀ ကျပ်နှင့် ဗမာ ကြက်သွန်ဖြူအသေးစ တစ်ပိဿာ လျှင် ၁၀,၀၀၀ ကျပ်၊ ၂၅ ကျပ်သားလျှင် ၂,၅၀၀ ကျပ်ဈေးနှုန်း အသီးသီးဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)