မြန်အောင်မြို့နယ် စားအုန်းဆီအရောင်းဆိုင်လုပ်ငန်းရှင်များအားစနစ်တကျဖြန့်ဖြူးရောင်းချနိုင်ရေး အသိပညာပေးဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ မြန်အောင်မြို့နယ်ဦးစီးမှူးနှင့်အဖွဲ့သည် (၁၅.၅.၂၀၂၅)ရက်နေ့ နေ့လယ် (၁၄:၀၀)အချိန်တွင် မြန်အောင်မြို့၊ အမှတ်(၅)ရပ်ကွက်ရှိ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်  စားအုန်းဆီလက္ကားကိုယ်စားလှယ်များနှင့် လက်လီအရောင်းဆိုင်လုပ်ငန်းရှင်(၄၆)ဦးအားစားအုန်းဆီများဖြန့်ဖြူးရောင်းချရာတွင် စနစ်တကျခွဲဝေပေးနိုင်ရေး အသိပညာပေး ဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ဟောပြောပွဲတွင် မြို့နယ်ဦးစီးမှူး ဦးမြင့်အောင်က မိတ်ဆက်စကား‌ပြောကြားခဲ့ပြီး၊ စားသုံးသူရေးရာဦးစီးဌာန၏ လက်ရှိဆောင်ရွက်နေသော စားသုံးသူကာကွယ်ရေးဆိုင်ရာလုပ်ငန်းတာဝန်များအကြောင်း၊ ခွဲတမ်းရစားအုန်းဆီ လက်လီ/လက္ကားအရောင်းဆိုင်လုပ်ငန်းရှင်များအနေဖြင့် စားသုံးသူပြည်သူများသို့ စားအုန်းဆီဖြန့်ဖြူးရောင်းချရာတွင် သတ်မှတ်ကာလအတွင်း၊ သတ်မှတ်ပမာဏကို သတ်မှတ်ဈေးနှုန်းဖြင့် အရည်အသွေး၊ အလေးချိန်မှန်ကန်စွာဖြင့် အချိန်မှီရောင်းချပေးနိုင်ရေး၊ ရောင်းချမှု လက်ခံဘောင်ချာများထားရှိစေခြင်း၊ သတ်မှတ်ရည်ညွှန်းဈေးအပေါ်တွင် အဆင့်အလိုက် (၂)% အမြတ်ထက်ကျော်လွန်၍‌ရောင်းချမှု မပြုလုပ်ရန်နှင့် ဈေးကစားရန်ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားမှုများ မပြုလုပ်ရန် သတ်မှတ် စည်းမျဉ်းစည်းကမ်းများကို လိုက်နာဆောင်ရွက်ခြင်းမရှိပါက အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူဆောင်ရွက်မည်ကို သိရှိပါကြောင်း ခံဝန်ကတိ လက်မှတ်ရေးထိုးရခြင်းဖြစ်ကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်မှလည်း ခံဝန်ကတိ လက်မှတ်ရေးထိုးကာ နေ့လယ် (၁၅:၃၀)အချိန်တွင် ဟောပြောပွဲကို ရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။ 

DOCA(ဧရာဝတီ)_