
မန္တလေးပဲမျိုးစုံစျေးကွက်သို့ မန္တလေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့မှ ဝင်ရောက်သည့်ပဲတီစိမ်းမှာ ပြည်တွင်း စားသုံးမှုနှင့်ပြည်ပသို့တင်ပို့သည့်စျေးကွက်ဝင်ပဲအမျိုးအစားဖြစ်ပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်း ၂၀၂၄-၂၀၂၅ ခုနှစ် ပဲတီစိမ်းသီးနှံစိုက်ပျိုးမှု (၂၇၀၉၅၈)ဧက၊ ရိတ်သိမ်း(၂၅၃၄၄၁) ဧက၊ အထွက်နှုန်း(၁၁.၆၄)တင်း နှင့်အထွက် (၂၉၄၉၀၁၇) တင်း ဖြစ်ကြောင်း သိရပါတယ်။ မန္တလေး ပွဲစား၊ကုန်သည်၊ စက်ပိုင်များမဟာကထိန်တော်အသင်းတွင် ၂၀၂၅ ခုနှစ်မေလနောက်ဆုံးပတ် အတွင်း ဖြစ်ပေါ်လျက်ရှိသောစျေးမှာ ၃တင်းဝင်တစ်အိတ်လျှင် ပဲတီစိမ်း ၃၆၅၀၀၀ ကျပ်နှင့် ၃၈၅၀၀၀ ကျပ်နှင့်တစ်ပိဿာစျေးမှာ ၆၄၈၉ကျပ်နှင့် ၆၈၄၄ ကျပ်တို့ဖြစ်ကြောင်း သိရပါတယ်။ ယခင်နှစ်ကာလတူပဲတီစိမ်း(ညာ)တစ်ပိဿာစျေးမှာ ၃၄၆၇ ကျပ်နှင့် ၃၅၂၀ ကျပ် ဖြစ်ပေါ် ခဲ့ပြီး၊ ကာလတူ ပေါက်စျေးနှိုင်းယှဉ်ပါက ပဲတီစိမ်းမှာစျေးပိုမိုရရှိကြောင်း သိရပါတယ်။ ပဲတီစိမ်း ဝင် ရောက်မှုပမာဏပေါ်မူတည်၍ ရက်အလိုက်ပေါက်စျေး အနည်းငယ်ပြောင်းလဲမှုရှိကြောင်း သိရ ပါတယ်။
DOCA(မန္တလေး)