မြင်းခြံမြို့နယ်အတွင်းရွှေဖရုံသီးစိုက်ပျိုးထွက်ရှိမှုနှင့်စျေးကွက်အခြေအနေ

Powered by Drupal

   မြန်မာနိုင်ငံတွင် ရွှေဖရုံသီးကို ပုံသဏ္ဍာန်နှင့် အရွယ်အစားကိုလိုက်၍ မျိုးပေါင်းများစွာ တွေ့ရနိုင်ကြောင်း၊ ယေဘုယျအားဖြင့် ဘောင်စောက်မျိုး (အရှည်မျိုး)နှင့် ပြားဝိုင်း၍ အမြှောင်း မြှောင်းထသောမျိုး တို့ဖြစ်ကြောင်း၊ ပြားဝိုင်း၍အမြှောင်းမြှောင်းထသောမျိုးတွင် စေးသောမျိုးနှင့် မစေးသောမျိုးဟူ၍ နှစ်မျိုးရှိကြောင်း၊ စေးသောမျိုးတွင် ရွှေဝါရောင်အသားရှိ၍ အသားမာကြောင်း၊ မစေးသောမျိုးတွင် အသားပွ၍ အဝါရောင်ဖျော့ရှိကြောင်းသိရသည်။ စားဖိုဆောင် အုပ်စုဝင်ဖြစ်သော  ရွှေဖရုံသီးသည် အပူဒဏ်ခံသောကြောင့် လူကြိုက်များ၍ စားသုံးမှုများပြားပြီး ဈေးကွက်တွင် ရောင်း အားကောင်းကြောင်း၊ မြင်းခြံမြို့နယ်တွင် ရွှေဖရုံသီးများကိုဒေသတွင်းဖြစ်သော လေးအိမ်တန်း ကျေးရွာ၊ လှိုင်းတက်ကျေးရွာ၊ ဒါးကျွန်းကျေးရွာများတွင် တစ်ပိုင်တစ်နိုင် စိုက်ပျိုးကြကြောင်း၊ ယခုမေလ နောက်ဆုံးပတ်တွင်  မြင်းခြံမြို့၊ အေးမြသီတာဈေးဖြစ်သော ကုန်ဈေးတွင် ရောင်းချနေ သော ရွှေဖရုံဘောင်စောက်(အရှည်မျိုး) တစ်လုံးလျှင်(၁၀၀၀-၁၂၀၀) ကျပ် ပေါက်ဈေးရှိကြောင်း၊ ပြားဝိုင်း၍အမြှောင်းမြှောင်းထသောမျိုး တစ်ပိဿာလျှင်(၂၅၀၀-၃၀၀၀)ကျပ် ပေါက်ဈေး ရှိကြောင်း၊ ကာလတူနှိုင်းယှဉ်ပါက ယခင်ဧပြီနောက်ဆုံးပတ် ရွှေဖရုံသီးဘောင်စောက် (အရှည်မျိုး) တစ်လုံး လျှင်(၇၀၀-၈၀၀)ကျပ်ပေါက် ဈေးရှိကြောင်း၊ ပြားဝိုင်း၍အမြှောင်းမြှောင်းထသောမျိုး တစ်ပိဿာ လျှင်(၂၀၀၀-၂၅၀၀) ကျပ်ပေါက် ဈေးရှိခဲ့ကြောင်း၊ ယခုမေနောက်ဆုံးပတ်တွင် ရွှေဖရုံသီးဘောင် စောက် (အရှည်မျိုး)တစ်လုံးလျှင်(၃၀၀-၄၀၀)ကျပ်၊ ပြားဝိုင်း၍ အမြှောင်းမြှောင်းထသောမျိုး တစ်ပိ ဿာလျှင်(၅၀၀)ကျပ်ခန့်ဈေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ကြောင်းသိရှိရသည်။ ယခုအချိန်မှာ ‌ဒေသ တွင်း ရွှေဖရုံသီးများ စိုက်ပျိုးထွက်ပေါ်ချိန် ကုန်ဆုံးခါနီးပြီဖြစ်သောကြောင့် ဈေးနှုန်းအနည်းငယ်မြင့် တက်ခဲ့ခြင်း ဖြစ်ကြောင်း ကုန်စိမ်းရောင်းချသူတစ်ဦး၏ ပြောပြချက်အရ သိရှိရသည်။ ‌ရွှေဖရုံပင်၏ သက်တမ်းသည်စိုက်ပျိုးချိန်မှရက်ပေါင်း(၁၀၀-၁၂၀)ရှိကြောင်း၊ ယခုအချိန်မိုးရာသီ (မေလ၊ဇွန်လ) တွင် စိုက်ပျိုးချိန်ကာလဖြစ်သောကြောင့်  ဒေသတွင်းရွှေဖရုံပင်များ (ဇွန်လ)တွင် ဆက်လက်စိုက် ပျိုးမည်ဖြစ်ကြောင်း လေးအိမ်တန်းကျေးရွာမှ တောင်သူတစ်ဦး၏ပြော ပြချက်အရသိရှိရသည်။

DOCA(မန္တလေး)