
ပိန္နပင်သည် နှစ်ရှည်သီးပင်မျိုးဖြစ်ပြီး၊ အပူပိုင်းနှင့် သမပိုင်းရာသီဥတုရှိသော ဒေသများ တွင် စိုက် ပျိုးဖြစ်ထွန်းကြောင်း၊ ရာသီစာ ပိန္နဲသီးများသည် မတ်လမှဇွန်လအတွင်းထွက်ပေါ်ပြီး၊ ကိုင်းဆက် ပျိုးပင်ကိုစိုက်ပျိုးလျှင် သုံးနှစ်သားဆိုအသီးစတင်သီးကြောင်း၊ မြင်းခြံမြို့နယ်အတွင်း ရောင်းချနေသော ပိနဲ္နသီးများကို ပုပ္ပါးမြို့မှဝယ်ယူရောင်းချကြောင်း၊ အလုံးလိုက်ဈေး ဖြစ်သော ထိုင်ဝမ် ပိန္နဲသီး တစ်ပိဿာလျှင် (၄၀၀၀) ကျပ်၊ ဗမာပိန္နဲသီးတစ်လုံးလျှင် (၈၀၀၀)ကျပ်၊ လက်လီ ရောင်းချရာတွင် ပိန္နဲသီးခွဲပြီး အဆံထုတ်ပြီးသား(၁၀)ဆံပါဖော့ဗူးတစ်ဗူးလျှင်(၂၅၀၀-၃၀၀၀)ကျပ်ဖြင့် ရောင်းချလျှက်ရှိရာ ဈေးကွက်တွင်လူကြိုက်များ၍ ရာသီစာပိန္နဲသီးဈေးကွက်အခြေအနေ ရောင်း အားကောင်းကြောင်း၊ ပိန္နဲသီးရောင်းချသူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ စားသုံးမှုအနေဖြင့် အသီးနုများကို ပိန္နဲသီးဝက်သားချက်၊ ပိန္နဲဆူးပုတ်ချက်၊ ပိန္နဲပုဇွန်ချက်စသည်ဖြင့်စားသုံးကြကြောင်း၊ အသီးမှည့်များကိုလည်း ရာသီစာအဖြစ်လူအများစားသုံးခြင်း၊ အချိုပွဲများတွင်တည်ခင်းဧည့်ခံ ကြောင်း၊ ကျန်းမာရေးအကျိုးကျေးဇူးအနေဖြင့် ဗီတာမင်စီပါဝင်သောကြောင့် ခုခံအားစနစ်ကို မြှင့်တင်ပေးခြင်း၊ အမျှင်ဓာတ်ပါဝင်သောကြောင့် အစာခြေစနစ်ကောင်းမွန်ခြင်း၊ ပိန္နဲသီးတွင် သဘာဝသကြားဓာတ်ပါဝင်သောကြောင့် ဆီးချိုရှိသူများအနေဖြင့် ပမာဏကိုထိန်း၍ စားသင့် ကြောင်း၊ ပိန္နဲသီးဟာလည်း သရက်လိုရာသီစာဖြစ်တဲ့အတွက် မြန်မာတွေရဲ့ ခံတွင်းမှာ ခုံခုံမင်မင် စွဲမက်စွာ စားသုံးတဲ့အသီးတစ်မျိုးဖြစ်ပြီး အသားလည်းနူးညံတော့ လူကြိုက်များတဲ့ သစ်သီးတစ်မျိုး ဖြစ်၍ ဈေးကွက်တွင် ရောင်းအားကောင်းကြောင်းသိရှိရသည်။
DOCA(မန္တလေး)