ကျောက်ဖရုံသီး ဈေးနှုန်းဈေးကွက်

Powered by Drupal

    ကျောက်ဖရုံသီးကို ယခင်က စားသုံးမှုနည်းသော်လည်း ယခုအခါ စားသုံးမှုများသည့် စားသောက်ကုန် တစ်မျိုးလည်းဖြစ်ပါသည်။ ကျောက်ဖရုံသီးကို လယ်ကွင်း၊ ယာကွင်းများရှိ ကသင်းရိုးပေါ်တွင် စိုက်ပျိုးကြပြီး ကျောက်ဖရုံသီးပင် တစ်ပင်လျှင် အလုံး ၁၅ လုံးမှ ၂၀ လုံးထိ ခူးစွတ်နိုင်ပြီး ကသင်းရိုးတစ်လျှောက် အပင် ၅၀ ဝန်းကျင် စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီးပါက အပွင့်လှိုင်လှိုင်ပွင့်မှသာ အသီးတင်စေရန်အတွက် အသီးအားတိုးဆေး အသုံးပြုပေးပါက အသီး တင်၍ လုံးကောင်းများကို ရရှိစေပြီး ဈေးကွက်ဝင် ဈေးကောင်းရသည့် ကျောက်ဖရုံသီးများကို ရရှိနိုင်ပါသည်။ မန္တလေးမြို့တွင် ကျောက်ဖရုံသီး ဈေးကွက်ဈေးနှုန်းအနေဖြင့် ကျောက်ဆည်၊ စဉ့်ကိုင်၊ ပလိပ်နယ်များမှ ဝင်ရောက်သည့် ကျောက်ဖရုံသီးများကို တစ်လုံးလျှင် ၂၅၀၀ ကျပ်မှ ၃၀၀၀ ကျပ်ထိ အလုံး အရွယ်အစားအလိုက် ရောင်းဝယ်မှုရှိပြီး မတ္တရာနယ်မှ ဝင်ရောက်သည့် ကျောက်ဖရုံသီးအနေဖြင့် တစ်လုံးလျှင် ၃၀၀၀ ကျပ်မှ ၄၅၀၀ ကျပ်ထိ ရောင်းဝယ်မှုရှိပြီး ကျောက်ဖရုံသီးကို စားသောက်ကုန်ထုတ်လုပ်ရောင်းချသူများမှ ယိုထိုးခြင်း၊ လက်လီရောင်းချ သူများမှ အစိတ်အပိုင်းများ ပိုင်းဖြတ်ရောင်းချရန် ဝယ်ယူခြင်းရှိသည့်အတွက် ဈေးကွက်တွင် အရောင်းအဝယ် သွက်လက်မှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)