အညာဒေသ၏ထန်းသီးဆံဈေးကွက်

Powered by Drupal

   ထန်းသီးဆံသည် ထန်းပွင့်(ထန်းခိုင်) မှထွက်ရှိသော အသီးဖြစ်ပြီး မြန်မာနိုင်ငံတွင် နွေဦး ရာသီဖြစ်သော ဖေဖော်ဝါရီလမှ မေလအတွင်းအဓိကထွက်ရှိကြောင်း၊ ထန်းသီးဆံသည် မြန်မာ့ရိုးရာ သဘာဝအစားအစာဖြစ်ပြီး လူအများနှစ်သက်စွာစာသုံးကြကြောင်း၊ ထန်းသီးဆံများကို  မြင်းခြံမြို့ နယ်နှင့်တောင်သာမြို့နယ်အတွင်းရှိ ကျေးရွာများမှ အဓိကထွက်ရှိကြောင်း၊ ထန်းတက်တောင်သူ များက  မြင်းခြံမြို့၊ အေးမြသီတာဈေးတွင် လာရောက် ရောင်းချကြောင်း သိရှိရသည်။  ထန်းသီးဆံ (၇-၈)ဆံလျှင်(၁၀၀၀) ကျပ်နှုန်းဖြင့် ဈေးကွက်တွင် အရောင်းအဝယ် သွက်လျက်ရှိကြောင်း၊ နေ့စဉ် ထန်းသီးဆံရောင်းရငွေ (၅၀၀၀၀-၇၀၀၀၀) ကျပ်ခန့်အထိ ရရှိကြောင်း၊ ထန်းပင်တစ်ပင်မှ ထန်းသီး ဆံထွက်ရှိမှုသည် အသက်(၅-၁၀)နှစ်အောက် ထန်းပင်သည် ထန်းသီးဆံ အထွက်နည်းပြီး၊ (၁၀)နှစ် အထက်ထန်းပင်သည် ထန်းသီးဆံပိုမိုထွက်ရှိသည်ကြောင်း၊ ထန်းပင်၏မျိုးကွဲပေါ်မူတည်၍ ထန်းသီး ဆံထွက်ရှိမှု ကွာခြားကြောင်း၊  ထန်းတက်ရာသီတွင် ထန်းတောင်သူများစီးပွားရေး အဆင်ပြေ ကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရသိရှိရသည်။ ထန်းသီးဆံသည်ကျေးလက်ဒေသ များတွင် ကျေးရွာသုံးသကြားအဖြစ် တင်စားခေါ်ဝေါ်ကြောင်း၊ ထန်းပင်မှထွက်ရှိသော  ထန်းလျက်၊ ထန်းရည် ချို/ခါး၊  ထန်းသီးဆံ ထွက်ရှိသည့်အပြင်၊ အခြားရိုးရာအစားအစာများ ပြုလုပ်ရာတွင် အသုံးဝင်ကြောင်း၊ ကျန်းမာရေးအနေဖြင့် ထန်းသီးဆံတွင် သဘာဝသကြားဓာတ်(ဂလူးကို့စ်)၊ သံဓာတ်နှင့်အမျှင်ဓာတ်များပါဝင်သောကြောင့် စားသုံးရာတွင် ချက်ချင်းအားပြည့်စေပြီး ပူပြင်း သောရာသီဥတု၌ ခန္ဓာကိုယ်တွင် ရေဓာတ်ထိန်းပေးကြောင်း၊ စားသုံးမှုအနေဖြင့် သန့်ရှင်းလတ် ဆတ်သော ထန်းသီးဆံကို အစိမ်းစားခြင်းဖြင့် သဘာဝအရသာကိုခံစားနိုင်ပြီး၊ ထန်းသီးဆံကို ချက်၍လည်းစာသုံးကြသလို ထန်းသီးဆံနုနုကို အချိုရည်အဖြစ် သံပုရာရည်နှင့်ရောစပ်၍လည်း သောက်သုံးနိုင်ကြောင်း၊ အသည်းအတွက် သဘာဝကြီးကပေးထားသည့် အားဆေးဖြစ်သော ထန်းသီးဆံမှာ ဈေးကွက်တွင် လူအများနှစ်သက်စွာ ဝယ်ယူစားသုံးကြကြောင်း သိရှိရသည်။

DOCA(မန္တလေး)