အထက်မင်းလှမြို့နယ်၊ ဂျင်ရဲမြောင်(စံပြ)ကျေးရွာ၌ မိုးနှမ်းများစိုက်ပျိုးလျက်ရှိ

Powered by Drupal

    မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အထက်မင်းလှမြို့၊ ကုန်ကြီးကျေးရွာအုပ်စု၊ ဂျင်ရဲမြောင် (စံပြ)ကျေးရွာသည် စိုက်ပျိုးရေးကိုအဓိကလုပ်ကိုင်ပြီး ကြက်သွန်နီ၊ ဝါ၊ ပဲတီစိမ်း၊ နေကြာ၊ နှမ်းတို့ကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း၊ မိုးနှမ်းစိုက်တောင်သူ(၅၀)ဦးခန့်ရှိပြီး စိုက်ဧကမှာ(၈၀)ဧကခန့် ရှိကြောင်း သိရှိရသည်။

    ဂျင်ရဲမြောင်(စံပြ)ကျေးရွာနေ နှမ်းစိုက်တောင်သူ ဦးတင်ဇော်ဌေးက ၎င်းအနေဖြင့် နှမ်းနက် (၁၀)ဧကခန့်ကို  ၂၀၂၅ခုနှစ်၊ မေလ(ပထမပတ်)မှစတင်၍ ကြောင်းဆွဲအစေ့ချစနစ်ဖြင့် စိုက်ပျိုးထား ကြောင်း၊ စိုက်ပျိုးပြီး ရက်ပေါင်း(၉၀)အကြာတွင် ရိတ်သိမ်းရကြောင်း၊ နှမ်းနက်မျိုးကို အများဆုံး စိုက်ပျိုးပြီး (၁)ဧကလျှင် မျိုး(၂)ပြည် ခန့်ကုန်ကျကြောင်း၊ မျိုးကို အထက်မင်းလှမြို့၊ စိုက်ပျိုးရေး ဦးစီးဌာနမှ မျိုး(၁)ပြည်လျှင် ကျပ်(၁၂၀၀၀)ဖြင့်ဝယ်ယူ၍ စိုက်ပျိုးကြောင်း၊  ကုန်ကျစရိတ်အနေဖြင့် (၁)ဧကလျှင် မျိုးဖိုး၊ မြေပြုပြင်ခ၊ လုပ်အားခနှင့် အခြားသွင်းအားစုစရိတ်အပါအဝင် စုစုပေါင်း ကျပ် (၅၀၀၀၀၀)ခန့်ကုန်ကျကြောင်း၊ ဈေးကွက်အနေဖြင့် မကွေးမြို့နှင့် မင်းလှမြို့သို့ တင်ပို့ ရောင်းချ ကြောင်း၊ မိုးနှမ်းမှာ ရာသီဥတုပေါ်မူတည်၍ စိုက်ပျိုးရပြီး မိုးများသည့်အခါတွင် နှမ်းပင်များပျက်စီး၍ အထွက်နှုန်းလျော့နိုင်ပြီး မိုးနည်းသည့်အခါတွင်လည်း မျိုးအောင်မူနည်း၍ အထွက်နှုန်းလျော့နည်း နိုင်ကြောင်း သိရှိရသည်။

DOCA(မကွေး)