
ချဉ်ပေါင်ရွက်လို့ ဆိုလိုက်ရင် ထွေထွေထူးထူး ပြောစရာမလိုအောင် လူတိုင်းမျက်လုံးထဲ မြင်မယ်ထင်ပါသည်။ သုံးမြှောင့်ပုံအရွက်စိမ်းစိမ်းလေးတွေက အရိုးနီနီ ဒါမှမဟုတ် ရိုးတံစိမ်းစိမ်းလေးမှာ ရွက်ချင်းဆိုင်ပြီး အစီအရီပေါက်နေတတ်တဲ့ အပင်ငယ်ဖြစ်ပါသည်။ ချဉ်ပေါင်ပင်ကို အပူပိုင်းဒေသနှင့် သမပိုင်းဒေသများတွင် စိုက်ပျိုးနိုင်သည်။ အပူပိုင်းဒေသတွင် ချဉ်ပေါင်ပင် ပို၍ဖြစ်ထွန်းသည်။
ချဉ်ပေါင်ရွက်ကို ထားဝယ်မြို့အနီး တဝိုက်ကျေးရွာများတွင် စီးပွားဖြစ်စိုက်ပျိုးကြပြီး ထွက်ရှိလာသော ချဉ်ပေါင်ရွက်များကို ထားဝယ်မြို့ပေါ်ရှိ ဈေးများအပြင် ကုန်စိမ်းဈေးကွက်သို့လည်း တင်ပို့ရောင်းချကြပြီး ဈေးနှုန်းအနေဖြင့် ချဉ်ပေါင်တစ်စည်းလျှင် (၂၅၀-၃၀၀) ကျပ်နှုန်းများဖြင့် အသီးသီးအရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(တနင်္သာရီ)