ဆောင်းကြက်သွန်နီ (ခေါ်) နွေကြက်သွန်နီစိုက်ပျိုးထွက်ရှိမှုနှင့် ကုန်ကျစရိတ်

Powered by Drupal

   မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင်အတွင်းရှိ ကျေးရွာများတွင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ကြပြီး သီးနှံစိုက်ပျိုးရေးကို လုပ်ကိုင်လျက်ရှိရာ ကြက်သွန်နီသီးနှံကို စီးပွားဖြစ် အဓိကစိုက်ပျိုးကြကြောင်း မြင်းခြံမြို့နယ်တွင် ဆောင်းကြက်သွန်နီကို ၈၆၀၀ ဧက၊ တောင်သာမြို့ နယ်တွင် ၉၂၀၄ ဧက၊ နွားထိုးကြီးမြို့နယ်တွင်(၂၃၉၄) ဧက၊ စုစုပေါင်း (၂၀၁၉၈) ဧက စိုက်ပျိုးခဲ့ရာစိုက် ဧကအားလုံးမှာရာနှုန်းပြည့် ရိတ်သိမ်းပြီးဖြစ်ကြောင်း ခရိုင်ကြေးတိုင်နှင့်မြေစာရင်းဦးစီးဌာန၏ စာရင်းများအရ သိရသည်။

     ဆောင်းကြက်သွန်နီကို နိုဝင်ဘာလနှင့် ဒီဇင်ဘာလများတွင် စိုက်ပျိုးပြီး ၄လခန့် အကြာ တွင် မတ်လနှင့်ဧပြီလတို့၌ ရိတ်သိမ်းထွက်ပေါ်ကြောင်း ‌ရွှေဖလား ကြက်သွန်နီဥမျိုးကိုသာ စိုက်ပျိုးပြီး တစ်ဧကလျှင် (၃-၄ပြည်) ခန့်ကုန်ကျကြောင်း၊ စိုက်ပျိုးရာတွင် မျိုးစေ့ကိုပျိုးထောင်ပြီး ပျိုးပင်ရင့်ချိန်တွင် စိုက်ခင်းသို့ စိုက်ပျိုးကြပြီး၊ မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် ၂၉-၃၀ သိန်းကြား ကုန်ကျကြောင်း၊ တစ်ဧကလျှင် ပိဿာချိန် ၃၄၀၀ ခန့်ထွက်ရှိပြီး တောင်သူများ က မြင်းခြံမြို့နယ်ရှိ ပွဲရုံများသို့ တိုက်ရိုက်တင်ပို့ရောင်းချကြောင်း၊ ပွဲရုံများမှတဆင့် ရန်ကုန်မြို့၊ ဘုရင့်နောင်ပွဲရုံများသို့ အဓိကတင်ပို့ပြီး၊ မန္တလေး၊ နေပြည်တော်၊ မော်လမြိုင်မြို့များသို့လည်း တင်ပို့လျက်ရှိကြောင်း၊ ယခုမေလ တတိယပတ်တွင် ဆောင်းကြက်သွန်နီတစ်ပိဿာလျှင်(၇၀၀) ကျပ်မှ(၁၄၀၀)ကျပ်ထိရှိကြောင်း၊ ဆောင်းကြက်သွန်နီသည် တောင်သူများအတွက် အကျိုးအမြတ် ရရှိသောကြောင့် စီးပွားဖြစ်စိုက်ပျိုးသော ဆောင်းကြက်သွန်နီသီးနှံသည် အကျိုးအမြတ်ရရှိကြောင်း တောင်သူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

DOCA(မန္တလေး)