သစ်ရာမြိုင်ဈေးအတွင်း ရောင်းချနေသော မုံညှင်းထုတ် ဈေးနှုန်း အခြေအနေ

Powered by Drupal

  ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်းသီးနှံများဖြစ်သည့် ပန်းဂေါ်ဖီ၊ ‌ဂေါ်ဖီထုတ်၊ ‌ရွှေပဲသီး၊ မုံညှင်းထုတ်၊ ပန်းငရုပ်ပွသီး၊ တိုင်ထောင်ဘို စားပဲသီး၊ ဂေါ်ရခါးသီး နှင့် ခါကြက်ဥစသည့်တို့ကို ရောင်းချလျက်ရှိရာ မုံညှင်းထုတ်ကို မန္တလေးမြို့ နှင့် ရှမ်းပြည်နယ်တို့မှ မှာယူရောင်းချကြောင်း သိရသည်။

  ၂၀၂၅ ခုနှစ်၊ မေလ တတိယပတ်တွင် ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးအတွင်းရောင်းချလျက်ရှိ သည့် မုံညှင်းထုတ် ဈေးနှုန်းမှာ မုံညှင်းထုတ် တစ်ပိဿာလျှင်(၅၀၀၀)ကျပ်၊ ၅၀ကျပ်သားလျှင်(၂၅၀၀) ကျပ်နှင့် ၂၅ကျပ်သားလျှင်(၁၅၀၀)ကျပ် ဈေးနှုန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ကြောင်း ကုန်စိမ်း သီးနှံအစုံ ရောင်းချသူများ ထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)