မိတ္ထီလာကြက်သွန်နီဈေးကွက်

Powered by Drupal

      မိတ္ထီလာဈေးကွက်တွင် မေလလယ်၌ ကြက်သွန်နီဈေး အနည်းအငယ်ထပ်မံကျဆင်းကြောင်း သိရှိရပါသည်။ ဆောင်းကြက်သွန်နီအသစ်ပေါ်စ မတ်လလောက်က လက္ကားဈေး တစ်ပိဿာ (၁၀၀၀-၁၄၀၀) ထိ ဈေးရှိခဲ့ရာမှ ဧပြီလကုန်ပိုင်းမှာတော့ (၁၂၀၀-၁၃၀၀)  ရှိခဲ့ပြီး လက်ရှိမှာတော့ (၁၀၀၀-၁၁၀၀) ဈေးရှိကြောင်း သိရသည်။ ဆောင်းကြက်သွန်နီမှာ ပုံမှန်အားဖြင့် အထားခံ၊ သိုလှောင်ခံသော်လည်း ယခုနှစ် နှုတ်သိမ်းချိန် မတိုင်မီက မိုးမိခဲ့သည့်အတွက်  အရည်အသွေးနိမ့်သည့်အပြင် မိုင်းလား၊ လားရိူး မြို့များမှ တစ်ဆင့် ပြည်ပတင်ပို့ရာတွင်လည်း လမ်းခရီး၌  အချိန်ကြာကြာ ထုတ်ပိုးသယ်ယူရမှုကြောင့် အရည်အသွေးကျခြင်း၊ သယ်ယူစရိတ်မြင့်ခြင်းတို့ကြောင့် ဒေသတွင်းဝယ်ရင်း ဈေးကျဆင်းခြင်းဖြစ်ကြောင်းသိရသည်။

    မိတ္ထီလာခရိုင်အတွင်း မိတ္ထီလာ၊ မလှိုင်မြို့များမှ ရန်ကုန်၊ ပဲခူး၊ တာချီလိတ်၊ မော်လမြိုင် မြို့များသို့ ပြည်တွင်းစားသုံးမှုအတွက် တင်ပို့နေပြီး မိုင်းလား၊ လားရိူးတို့မှတဆင့် တရုတ်သို့ တင်ပို့မှုရှိကြောင်း ကြက်သွန်နီတင်ပို့ရောင်းချသူ ကုန်သည်များမှ သိရသည်။

DOCA(မန္တလေး)