မန္တလေးမြို့တွင်းမန်ကျည်းဈေးကွက်

Powered by Drupal

              မန္တလေးမြို့တွင်းသို့ ကျောက်ပန်းတောင်း၊ ရမည်းသင်းနှင့် မိတ္ထီလာနယ်ဘက်များမှ ဝင်ရောက်သည့် မန်ကျည်းမှည့်များနှင့် မန္တလေးမြို့အနီးတဝိုက်မြို့နယ်များဖြစ်သည့် အမရပူရ၊ ပုသိမ်ကြီးနှင့် မတ္တရာမြို့နယ်များမှ မန်ကျည်းမှည့်များလှိုင်လှိုင်ထွက်ရှိနေပြီး ဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်လျက်ရှိပါသည်။ မန်ကျည်းမှည့်အသစ်များကို မိုးရာသီနှင့် ဆောင်းရာသီများ တွင် စားသုံးရန်အတွက်ဝယ်ယူထားရှိခြင်း၊ နွေရာသီတွင် မန်ကျည်းမှည့်ဖျော်ရည်အေးအေးလေး သောက်သုံးရန်အတွက် ဝယ်ယုစုဆောင်းထားရှိကြပါသည်။ မန္တလေးမြို့တွင်း ပူပြင်းသည့်နွေရာသီ ကာလ၌ သစ်ပင်အရိပ်များအောက်တွင် တွန်းလှည်းလေးများနှင့်ရောင်းချသည့်မန်ကျည်းမှည့် ကျောက်ကျောဖျော်ရည်သည် အလွန်ကောင်းလှပြီး ရင်ကိုအေးမြစေပါသည်။ ယခုနှစ် မန္တလေးမြို့ တွင်းသို့ ဝင်ရောက်သည့်မန်ကျည်းဈေးကွက်ဈေးနှုန်းအနေနှင့် ယခင်နှစ်ဧပြီလအတွင်း မန်ကျည်းမှည့်အစေ့လွတ်အသား ၁ ပိဿာလျှင် ၁၂၀၀၀ ကျပ်မှ ၁၃၀၀၀ ကျပ်ထိရှိသော်လည်း ယခုနှစ်ဧပြီလ နောက်ဆုံးအပတ်တွင် ၁ ပိဿာလျှင် ၈၀၀၀ ကျပ်မှ ၉၀၀၀ ကျပ် ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ယခင်နှစ်ဈေးနှုန်းနှင့်နှိုင်းယှဉ်ပါကကွာခြားမှုမရှိဘဲ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)