
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသအတွက် မြိတ်မြို့နှင့် မိုင်(၁၂၀)ကွာဝေးသည့် မြန်မာ-ထိုင်း နယ်စပ်မောတောင်ကုန်သွယ်ရေးစခန်းမှတဆင့် တင်သွင်းလျက်ရှိပါသည်။ သစ်သီးများကို မောတောင်ကုန်သွယ်ရေးစခန်းမှတဆင့် မြိတ်မြို့သို့ ကုန်လမ်းဖြင့်တင်သွင်းပါက လမ်းခရီး ကြာချိန်(၃)နာရီခန့်သာ ကြာမြင့်သည့်အတွက် စားသုံးသူများအနေဖြင့် လတ်လတ်ဆတ်ဆတ် ဝယ်ယူစားသုံးကြပါသည်။ အများဆုံးတင်သွင်းသောသီးနှံများမှာ ပန်းသီး၊ လိမ္မော်သီး၊ လိုင်ချီးသီး နှင့် စပျစ်သီးတို့ကို အများဆုံးတင်သွင်းကြောင်းလည်း သိရှိရပါသည်။ပန်းသီး အကြီးတစ်လုံး (၂၅၀၀)ကျပ်၊ ပန်းသီးအငယ်တစ်လုံးလျှင် (၂၀၀၀)ကျပ်၊ရွှေလိမ္မော်သီး တစ်လုံးလျှင် (၁၅၀၀) ကျပ် နှင့် စပျစ်သီး တစ်ဆယ်သားလျှင်(၃၅၀၀)ကျပ်နှင့် လိုင်ချီးသီးတစ်ဗူးလျှင် (၂၅၀၀)ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်းလည်းသိရှိရပါသည်။ အများဆုံးတင်သွင်းခဲ့သည့် ကုန်ပစ္စည်းများမှာ ကြက်သွန်နီ၊ ဌက်ပျောသီး၊ ငါးမျိုးစုံနှင့်အခြားရေထွက်ပစ္စည်းများကို တင်သွင်းကြောင်းလည်း သိရှိရ ပါသည်။
DOCA(တနင်္သာရီ)