
ဒူးရင်းသီးသည် မြန်မာပြည်တောင်ပိုင်းတွင် အများဆုံးထွက်ရှိသော သီးနှံတစ်မျိုးဖြစ် သည်။ ဒူးရင်းသီးထွက်ရှိရာကာလသည် မိုးဦးရာသီတွင် ထွက်ရှိတတ်ပြီး ဧပြီလ၊မေလတွင် ဒူးရင်းသီးလှိုင်လှိုင်ထွက်ရှိသော ရာသီဖြစ်သောကြောင့် ဈေးနှုန်းများကျဆင်းသွား ကြောင်းသိရှိ ရပါသည်။ ယခင်ဧပြီလတွင် ဒူးရင်းသီးအကြီးတစ်လုံးလျှင် အရွယ်အစားအလိုက် အနိမ့်ဆုံး (၁၀၀၀၀)ကျပ်မှ အမြင့်ဆုံး(၁၅၀၀၀)ကျပ်ထိ ရှိကြောင်း သိရှိရပါသည်။ ယခုမေလတွင် ဒူးရင်းသီး ဈေးနှုန်းမှာအနိမ့်ဆုံး(၂၅၀၀)ကျပ်မှ အမြင့်ဆုံး(၇၀၀၀)ကျပ်ထိ ကျဆင်းသွားကြောင်း သိရှိရပါ သည်။ ဒေသတွင်းစားသုံးခြင်းသာမဟုတ်ဘဲ မြန်မာနိုင်ငံအလယ်ပိုင်းများသို့လည်းတင်ပို့ ရောင်းချ ကြခြင်းကြောင့် ဈေးကွက်တွင်ဈေးကောင်းရရှိပြီး ဒူးရင်းသီးစိုက်ပျိုးသော တောင်သူများဝင်ငွေ များကောင်းနေကြောင်း သိရှိရပါသည်။
DOCA(တနင်္သာရီ)