မြင်းခြံမြို့မဈေးမှ ပဲလက်လီအရောင်းဈေးနှုန်း

Powered by Drupal

            မြင်းခြံမြို့စည်ပင်သာယာဈေးတွင် ဒေသထွက် ပဲမျိုးစုံများရောင်းချလျက်ရှိရာ ယခု ဧပြီလနောက်ဆုံးပတ်တွင် ဖြစ်ပေါ်နေသော ဈေးနှုန်းများအနေဖြင့် စွန်တာပြာတစ်ပိဿာလျှင်(၃၅၀၀ မှ ၄၀၀၀)ကျပ်၊ ပဲနီပြား တစ်ပိဿာလျှင်(၇၀၀၀ မှ ၈၅၀၀)ကျပ်၊ ပဲဇီးကွက်တစ်ပိဿာလျှင်(၄၃၅၀) ကျပ်၊ ထောပတ်ပဲ တစ်ပိဿာလျှင်(၄၅၀၀ မှ ၄၈၅၀)ကျပ်၊ ကုလားပဲ V2 တစ်ပိဿာလျှင်(၄၀၀၀ မှ ၄၁၂၅) ကျပ်၊ ကုလားပဲအထွက်တိုးတစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ပဲစဉ်းငုံတစ်ပိဿာလျှင်(၄၀၀၀ မှ ၄၂၅၀)ကျပ်၊ ဆန်ပြောင်းဖြူတစ်ပိဿာလျှင်(၁၆၀၀)ကျပ်၊ ဆန်ပြောင်းနီတစ်ပိဿာလျှင်(၁၆၅၀) ကျပ်၊ ပဲပုပ်တစ်ပိဿာလျှင်(၈၀၀၀)ကျပ်၊ မြေပဲဆံတစ်ပိဿာလျှင်(၉၀၀၀ မှ ၉၈၀၀)ကျပ်၊ ပဲလွန်းဖြူ တစ်ပိဿာလျှင်(၄၀၀၀)ကျပ်၊ ပဲလွန်းပြာတစ်ပိဿာလျှင်(၃၈၀၀)ကျပ်၊ မတ်ပဲတစ်ပိဿာလျှင် (၄၅၀၀)ကျပ်၊ ကုလားပဲခွဲခြမ်းတစ်ပိဿာလျှင်(၅၄၀၀ မှ ၆၀၀၀)ကျပ်၊ ပဲလိပ်ပြာတစ်ပိဿာလျှင် (၁၁၀၀၀)ကျပ်၊ ဘိုကိတ်ပဲတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ်၊ ပဲရာဇာတစ်ပိဿာလျှင်(၁၁၀၀၀)ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)