တဇောင်းခါးများ ပေါ်ပြီ

Powered by Drupal

           ယခုလို နွေအကုန် မိုးဦးအစသို့ ရောက်ရှိလာချိန်တွင် တဇောင်းခါးများ စတင်ပေါ်လာပြီဖြစ် ပါသည်။ သဘာဝပိန်ဆေးအနေနဲ့ တဇောင်းခါးကို စားနေကြကြောင်း၊ အဆီကျပြီး အသားကိုကျစ်စေပါကြောင်း၊ များများစားရင် တုတ်နေသော ခါးလေးသွယ်လျပြီး လှလာပါကြောင်း သိရှိရသည်။ တဇောင်းခါးသည် ကျန်းမာရေးနှင့်ညီညွတ်သည့်အပြင် ချက်ပြုတ်စားသောက်ရာတွင် လွယ်ကူသဖြင့် အရောင်းအဝယ်သွက်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။ မြင်းခြံမြို့ အေးမြသီတာဈေးတွင် တဇောင်းခါး (၂၅)ကျပ်သားလျှင် (၂၀၀၀)ကျပ်နှင့် (၁)ပိဿာလျှင် (၈၀၀၀)ကျပ်ဈေးဖြင့် အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)