“ကြက်သွန်နီဈေးခပ်အေးအေး”

Powered by Drupal

    ကျောက်ဆည်ခရိုင်အတွင်း ကြက်သွန်နီစိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှုအနေဖြင့် စိုက်ဧက(၂၈၀၂၀)ဧကရှိပြီး အထွက်နှုန်း(၃၀၀၀)ပိဿာဖြင့် အထွက်ပိဿာပေါင်း (၈၄၀၆၀၀၀၀) ပိဿာထွက်ခဲ့ရာတွင် ရာသီချိန်၊ ထွက်ပေါ်ချိန် ဈေးကောင်းရရှိခဲ့ကြပြီး ယနေ့အချိန် ကျောက်ဆည်၊ မြစ်သားကြက်သွန်နီ ဈေးကွက်အနေဖြင့် တစ်ပိဿာလျှင် (၁၅၀၀-၁၆၀၀)ကျပ်ဖြင့်သာ အရောင်း အဝယ်ဖြစ်ပေါ်သဖြင့် တောင်သူများအနေဖြင့် အကျိုးအမြတ်ရရှိမှုနည်းပါးကြောင်း သိရှိရပြီး  ဈေးကွက်ဝယ်လိုအားနည်းနေသဖြင့်ဈေးနှုန်းများရရှိမှုနည်းပါးကြောင်း၊ပွဲရုံပိုင်ရှင်တစ်ဦး၏ပြောကြား ချက်အရသိရှိရသည်။နှစ်စဉ်ကာလတူများတွင်လည်းကြက်သွန်နီဈေးအနေဖြင့်(၁၇၀၀/၁၈၀၀)ကျပ် ရရှိခဲ့သော်လည်း ယခုအချိန်တွင် ကြက်သွန်နီဈေးမှာ ခပ်အေးအေးသာ ဖြစ်ပေါ်နေသဖြင့် တောင်သူများအနေဖြင့် ဈေးနှုန်းအား မျှော်လင့်နေကြကြောင်း ကသဲကုန်းကျေးရွာ ကြက်သွန်နီ စိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

DOCA(မန္တလေး)