ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း(ဈေးနှုန်းများ)

Powered by Drupal

            မြင်းခြံခရိုင် စားသုံးသူရေးရာဦးစီးဌာနသည် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဈေးနှုန်းမြင့်တက်မှုမရှိစေရေး၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းဖြစ်ပေါ်စေရေး အတွက် မြင်းခြံမြို့အတွင်ရှိ ဆောက်လုပ်ရေးအရောင်းဆိုင်များသို့ သက်ဆိုင်ရာဌာနများဖြင့် ပူပေါင်း၍ ကွင်းဆင်းကြပ်မတ်ဆောင် ရွက်လျက်ရှိသည်။

            မြင်းခြံမြို့အတွင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းရောင်းချနေသော အရောင်းဆိုင် (၁၀) ဆိုင်ရှိရာ ၎င်းဆိုင်များတွင် ရောင်းချနေသော Crown ဘိလပ်မြေ 50 kg တစ်အိတ်လျှင် (၂၅၀၀၀-၂၇၀၀၀) ကျပ်၊ သွပ်ပြား(လိုင်းပါ) အပါး(ဆင်တံဆိပ်) ၁ပေလျှင် (၁၂၀၀-၂၀၀၀) ကျပ်၊ သွပ်ပြား(လိုင်းပါ) အလတ်(ကြယ်စိမ်းတံဆိပ်) ၁ပေလျှင် (၂၀၀၀-၂၃၅၀) ကျပ်၊ သွပ်ပြား(လိုင်းပါ) အထူ(ကြယ်စိမ်းတံဆိပ်) တစ်ပေလျှင် (၂၃၀၀-၃၅၀၀) ကျပ်၊ သွပ်ပြား (4-Angle) thick 0.36mm ၁ပေလျှင် (၃၄၀၀-၃၇၀၀) ကျပ်၊ ခေါင်အုပ်သွပ် thick 0.36mm ၁ပေလျှင် (၁၉၀၀-၂၅၀၀) ကျပ်၊ အိမ်ရိုက်သံ ၁" အသေး ၁ပိဿာလျှင် (၈၅၀၀-၁၅၀၀၀) ကျပ်၊ အိမ်ရိုက်သံ ၂" မှ ၄" ၁ ပိဿာလျှင် (၈၀၀၀-၁၁၀၀၀) ကျပ်၊ သံချောင်း (သုံးမူး) ၁ ချောင်းလျှင် (၁၀၂၀၀-၁၄၅၀၀)၊ သွပ်ရိုက်သံ ၂" ၊၂.၅" ၁ ပိဿာလျှင် ၁၀၅၀၀-၁၅၀၀၀ ကျပ်၊ သံချောင်းလုံး ½" အပြည့် (4JY) ၁ တန်ဈေး (၂၂၀၀၀၀၀-၂၂၂၀၀၀၀) ကျပ်၊ Hollow သံချောင်း thick 1.2mm (ချောင်း) (၂၇၀၀၀-၃၆၀၀၀)၊ U Bean (၂၀၀၀၀၀) ကျပ်၊ I Bean (၁၅၅၀၀၀-၂၇၀၀၀၀) ကျပ်စသည်ဖြင့် အရည်အသွေး၊ အမျိုးအစားပေါ်မူတည်ပြီး ဈေးနှုန်းအနိမ့်အမြင့် ကွာခြားလျက်ရှိပါသည်။

DOCA(မန္တလေး)