ကုလားပဲခြမ်းစားသုံးမှုနှင့်ဈေးနှုန်း

Powered by Drupal

            ကုလားပဲသည် ပရိုတင်းဓာတ်ကြွယ်ဝပြီး အာဟာရပြည့်ဝသော သီးနှံတစ်မျိုးဖြစ်သည်။ ကုလားပဲသီးနှံကို အောက်တိုဘာနှင့် နိုဝင်ဘာလများတွင် စိုက်ပျိုးပြီး ဖေဖော်ဝါရီလ၊မတ်လနှင့် ဧပြီလများတွင် ရိတ်သိမ်းထွက်ပေါ်လေ့ရှိသည်။

             မြင်းခြံမြို့နယ်တွင် ရောင်းချနေသော ကုလားပဲခွဲခြမ်း လက်လီဈေးနှုန်းများမှာ ၁ပြည်လျှင် ၇၅၀၀ ကျပ်၊ နို့ဆီတစ်ဗူးလျှင် ၁၀၀၀ ကျပ်ဖြင့် အရောင်းအဝယ်ပြုလျက်ရှိသည်။ ကုလားပဲလုံး လက်ကားဈေးနှုန်းများမှာ V2 ပဲတစ်ပိဿာလျှင် ၄၂၅၀ ကျပ်၊ ၉၂၉ ပဲတစ်ပိဿာလျှင် ၄၁၇၀ ကျပ်ဖြင့် ဈေးကွက်တွင် ရောင်းချလျက်ရှိသည်။ ပရိုတင်းဓာတ်ကြွယ်ဝသော ကုလားပဲသည် ကြွက်သားတည်‌ဆောက်ရန် အထောက်အကူပြုကြောင်း၊ ပိုတက်စီယမ်နှင့် မဂ္ဂနီစီယမ်ပါဝင်မှုက သွေးပေါင်ချိန်ကို ထိန်းညှိပေးပြီး နှလုံးရောဂါဖြစနိုင်ခြေကို လျော့ချပေးခြင်း၊ ကယ်လိုရီနည်းပြီး အဆာခံနိုင်စေသော အမျှင်ဓာတ်များ ပါဝင်သဖြင့် ဝိတ်ချသူများစားနိုင်သလို အရိုးပွရောဂါကိုလည်း ကာကွယ်ပေးသည်။ ကုလားပဲခြမ်း၊ ကုလားပဲဟင်း၊ ကုလားပဲဖက်ထုပ်၊ ကုလားပဲကြော်၊ ကုလားပဲနို့နှင့် ကုလားပဲခေါက်ဆွဲ စသည်ဖြင့် အမျိုးမျိုးစားသုံးနိုင်ပြီး နေ့စဉ်စားသုံးခြင်းဖြင့် အာဟာရပြည့်ဝစွာ ရရှိနိုင်ပါသည်။

DOCA(မန္တလေး)