မအူပင် ကုန်စိမ်းဈေးကွက်တွင် နှစ်စဉ် ရောင်းချနေသော ဒညှင်းသီး ဈေးကွက်ဈေးနှုန်း

Powered by Drupal

      မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ပန်းတနော်မြို့နယ်၊ ဓနုဖြူမြို့နယ်၊ ညောင်တုန်းမြို့နယ်များတွင်လည်းကောင်း ဒညင်းသီးများ ဝင်ရောက်လျက်ရှိရာ ၂၀၂၅ခုနှစ်၊ မေလ(တတိယပတ်)တွင် ဒညင်းသီး ဈေးနှုန်းမှာ သာမာန်အရွယ်အစားသာဝင်ရောက်သေးပြီး တစ်ဆယ်သားကို ၁၀၀၀/-နှုန်းဖြင့် အရောင်းအဝယ်ဖြစ်ပေါ်နေပြီး အလုံးကြီးဦ အလုံးလတ်၊ အလုံးသေးအရွယ်မျိုးစုံ ဝင်ရောက်မှု မရှိသေးပဲ ဒညှင်းသီး လှိုင်လှိုင် ဝင်ရောက်လာပါက အလေးချိန်ဖြင့်မရောင်းပဲ လုံးကောက်နှင့် တစ်ပြည်ဈေးနှုန်း တို့ဖြင့် ရောင်းချမည် ဖြစ်ကြောင်း ကုန်စိမ်း ရောင်းချသူထံမှသိရသည်။

        ယခင်နှစ် တညှင်းသီးသာမာန် အရွယ်ဈေးမှာ တစ်ဆယ်သားလျှင် ၈၀၀/-ဖြင့် ရောင်းချရပြီး ဒီနှစ် ဈေးကောင်း လာကြောင်း သိရသည်။ တစ်နေ့လျှင် ဒညှင်းသီး ၅ပိဿာမှ ၁၀ပိဿာအတွင်း ရောင်းချရကြောင်း ဈေးကွက်အတွင်း ဒညင်းသီးဝင်ရောက်မှု ပိုမိုများပြားလျက်ရှိပြီး ဈေးနှုန်းကျဆင်းနိုင်ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)