
ဒညင်းသီးသည် အာဟာရတန်ဖိုးများမပါဝင်သော်လည်း မြန်မာနိုင်ငံ၌ဟင်းလျာများတွင် ပူးတွဲချက်ပြုတ်ကြပြီးထမင်းမြိန်စေရန်တို့စရာအဖြစ်လူကြိုက်များသော အသီးတစ်မျိုးဖြစ်သည်။ ဒညင်းသီးကို မြန်မာနိုင်ငံ၌ ကချင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်၊ တနင်္သာရီတိုင်း၊ ဧရာဝတီတိုင်းနှင့် ရှမ်းပြည်နယ် (နောင်ချို)ဘက်တွင် အများစု စိုက်ပျိုးကြပြီး မန္တလေးတိုင်း (ပြင်ဦးလွင်)မှာလည်း စိုက်ပျိုးလာကြသည်ကို တွေ့ရှိရပါသည်။ ဒညင်းပင်ကို စိုက်ပျိုးရန် အကောင်းဆုံး ရေ၊ မြေရာသီ ဥတုမှာ အောက်ခံဂဝံမြေနှင့် သဲနုန်းမြေ တို့သည် အသင့်တော်ဆုံး ဖြစ်ပြီး ဒညင်းပင် အများစုသည် ပူအိုက်စွတ်စိုသော ရာသီဥတုနှင့် အပူအအေးကွာခြားမှုရှိသော ရာသီဥတုမျိုးကို နှစ်သက်ပါသည်။ မိုးရေချိန် (၁၀၀-၂၀၀)လက်မ အတွင်း စိုက်ပျိုးဖြစ်ထွန်းလျက် ရှိသည်။ ဒညင်းသီးသည် မတ်လ တွင် စတင်အသီးဖြစ်ထွန်းပြီး စျေးကောင်းရသော်လည်း ဧပြီလနှင့် နောက်ပိုင်း မေလများတွင် အသီးထွက်နှုန်းတိုးလာသဖြင့် စျေးနှုန်းကျဆင်း လာနိုင် ကြောင်း သိရှိရပါသည်။
ဒညင်းသီးကို မြိတ်ခရိုင်၌ ပုလောမြို့နယ်၊ တနင်္သာရီမြို့နယ်၊ ကျွန်းစုမြို့နယ်နှင့် မြိတ်မြို့အနီးနားရှိ ကျေးရွာများ၌ အများဆုံးထွက်ရှိ၍ မြိတ်မြို့အတွင်းရှိ စျေးကွက်များနှင့် ရန်ကုန်စျေးကွက်များသို့ အဓိကအားထား၍ ရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။ မြိတ်မြို့အ တွင်းရှိ စျေးကွက်များ၌ ဒညင်းသီးရောင်းချလျက်ရှိသောစျေးနှုန်းများမှာ အရွယ်အစားအပေါ်မူ တည်၍ တစ်လုံးလျှင် ၅၀ကျပ်မှ ၁၀၀ကျပ်အတွင်း ရောင်းချလျက်ရှိပြီး ဆားရည်စိမ်ကာအချဥ် ဖောက်ထားသော ဒညင်းသီးတစ်လုံးလျှင် ၁၀၀ကျပ်မှ ၁၅၀ကျပ်အတွင်း ရောင်းချကြောင်း သိရှိရ ပါသည်။
DOCA(တနင်္သာရီ)