
၂၀၂၅ခုနှစ်၊ ဧပြီလတွင် ဘားအံမြို့ရေပေါ်ဈေးတွင် အာလူးများ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
အာလူးကို ပြုတ်ပဲစားစား၊ ကြော်ပဲစားစား၊ အသားတို့ ဘဲဥ၊ ကြက်ဥတို့နှင့်တွဲချက်ချက်၊ ထောင်းပဲစားစား၊ အသုပ်ထဲပဲထည့်ထည့်၊ ပူတင်းပဲလုပ်စားစား အရသာရှိသောအောင် ပြုလုပ်စားသုံး ကြသည်။ အရွယ်တော်အာလူးတစ်လုံးတွင် ကယ်လ်လိုရီ၊ အမျှင်ဓာတ်၊ ကာဗိုဟိုက်ဒရိတ်၊အဆီ၊ ပရိုတင်း၊ ဗီတာမင် C ၊ ဗီတာမင် B6 ၊ ပိုတက်ဆီယမ်၊ မဂ္ဂနိ့၊ မဂ္ဂနီဆီယမ်၊ တို့ပါဝင်နေသည်။
အာလူးကို သစ်သီးနှင့် ဟင်းသီးဟင်းရွက်တို့ဖြင့်တွဲ၍ စားသုံးခြင်းဖြင့် ကျန်းမာရေးပြဿနာ ခံစားရနိုင်ခြေကို လျော့ချပေးနိုင်သည်။ အာလူးစားသုံးခြင်းအားဖြင့် အရိုးကျန်းမာစေခြင်း၊ သွေးပေါင် ထိန်းညှိပေးခြင်း၊ နှလုံးကျန်းမာစေခြင်း၊ မှတ်ဉာဏ်အားကောင်းစေခြင်း၊ အူမကြီးကင်ဆာသက်သာခြင်း၊ ဝမ်းမှန်စေခြင်း၊ ကိုယ်အလေးချိန် ထိန်းညှိပေးခြင်း၊ ဇီဝကမ္မဖြစ်စဉ်ကိုကောင်းစေခြင်း၊ အရေပြား ကျန်းမာစေခြင်း၊ ကိုယ်ခံအားကောင်းစေခြင်းစသည့် အကျိုးအာနိသင်များ ရရှိစေနိုင်ပါသည်။ ဘားအံမြို့ရှိ အာလူးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၅၅၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရသည်။
ဈေးနှုန်းနှိုင်းယှဉ်ချက်အရ ယခင်လအာလူးဈေးနှင့် ယခုအာလူးဈေး နှိုင်းယှဉ်ခြင်းအားဖြင့် ယခုလအာလူးဈေးမှာ အနည်းငယ်မြင့်တက်နေကြောင်းသိရသည်။ အာလူးဈေးတက်ရခြင်းမှာ သယ်ယူပို့ဆောင်စရိတ် အနည်းငယ်မြင့်တက်ခြင်းကြောင့် ဈေးနှုန်းတက်ရခြင်း ဖြစ်ပါသည်။
DOCA(ကရင်)