၂၀၂၅ခုနှစ်၊ ဧပြီလတွင် ဘားအံမြို့ရေပေါ်ဈေးတွင် ပုဇွန်ခြောက်များ အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်း သိရသည်။
ပုဇွန်ခြောက်ကို ဟင်းချိုချက်ရာတွင်လည်းကောင်း၊ ၊ ဗာလချောင်ကြော်ရာတွင်လည်းကောင်း၊ ပုဇွန်ခြောက်ကို ထောင်း၍လည်းကောင်း၊ ဟင်းချက်ရာ၌လည်းထည့်သွင်းအသုံးပြုကြသည်။ ပုဇွန်ခြောက်ကို အရွက်အသုပ်များသုပ်ရာတွင် မပါမဖြစ်ထည့်သွင်းသုပ်မှသာ ထမင်းမြိန်စေသည်။ ပုဇွန်ခြောက်နှင့် အလိုက်ဖက်ဆုံးအသုပ်မှာ လက်ဖက်သုပ်ပင်ဖြစ်သည်။ လက်ဖက်သုပ်ထဲတွင် ပုဇွန်ခြောက်လေးထည့်ကာစားသုံးခြင်းဖြင့် အရသာရှိသော အသုပ်တစ်ပွဲဖြစ်စေသည်။ ဘားအံမြို့ရှိ ပုဇွန်ခြောက်ဈေးနှုန်းများမှာ ပုဇွန်ခြောက် အမြင့်ဆုံးဈေးနှုန်းမှာ တစ်ပိဿာလျှင် (၁၂၀၀၀၀)ကျပ်၊ အလတ်ဈေးနှုန်းမှာ တစ်ပိဿာလျှင် (၃၀၀၀၀ / ၅၀၀၀၀)ကျပ်၊ အနိမ့်ဆုံး ဈေးနှုန်းမှာ တစ်ပိဿာ လျှင် (၁၅၀၀၀/၂၀၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရသည်။
DOCA(ကရင်)