ဘားအံမြို့တွင်ရောင်းချနေသော အခြေခံစားကုန်များ၏ ဈေးနှုန်းအခြေအနေ

Powered by Drupal

     ၂၀၂၅ခုနှစ်၊ ဧပြီလ စတုတ္ထပတ်အတွင်း ဘားအံမြို့တွင် အခြေခံစားကုန်များဖြစ်သော ပေါ်ဆန်းဆန် တစ်ပြည်(၅၅၀၀)ကျပ်၊ ဧည့်မထဆန် (မနောသုခ) တစ်ပြည် (၃၂၀၀)ကျပ်၊ ဆန်ကွဲ တစ်ပြည် (၂၅၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ စားအုန်းဆီ (ရည်ညွှန်းဈေး) တစ်ပိဿာလျှင် (၇၅၅၀)ကျပ်၊ မြေပဲဆီတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ကြက်သွန်နီ တစ်ပိဿာလျှင် (၂၈၀၀)ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) တစ်ပိဿာလျှင် (၁၅၀၀၀)ကျပ်နှင့် ကြက်သွန်ဖြူ (ရှမ်းစ) တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ သကြား တစ်ပိဿလျှင် (၆၀၀၀)ကျပ်၊ အာလူးတစ်ပိဿာလျှင် (၅၅၀၀)ကျပ်၊ မန်ကျည်းမှည့်သီး တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ဂျင်း တစ်ပိဿာလျှင် (၆၀၀၀)ကျပ်၊ ငရုတ်သီးခြောက် တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ပဲနီလေး တစ်ပိဿာလျှင် (၁၃၀၀၀)ကျပ်၊ ကုလား ပဲခြမ်း တစ်ပိဿာလျှင် (၆၅၀၀)ကျပ်၊ မြေပဲဆံတစ်ပြည် (၁၀၀၀၀)ကျပ်၊ ရိုးရိုးဆား တစ်ပိဿာလျှင် (၁၅၀၀)ကျပ်၊ အာပြဲခြောက် တစ်ပိဿာလျှင်(၃၀၀၀၀)ကျပ်၊ ကြက်ဥတစ်လုံး (၄၅၀)ကျပ်၊ ဘဲဥတစ်လုံး (၆၀၀)ကျပ်၊ အသား/ငါးဈေးနှုန်းများမှာ ဝက်သား တစ်ပိဿာလျှင် (၂၄၀၀၀)ကျပ်၊ အမဲသား တစ်ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ဆိတ်သား တစ်ပိဿာလျှင် (၂၂၀၀၀)ကျပ်၊ ကြက်သား CP တစ် ပိဿာလျှင် (၁၈၀၀၀)ကျပ်၊ ငါးကြင်းတစ်ပိဿာလျှင် (၂၀၀၀၀)ကျပ်၊ ငါးမြစ်ချင်း တစ်ပိဿာလျှင် (၁၀၀၀၀)ကျပ်၊ မွေးမြူရေးငါးခူ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊ ပုဇွန် (ဘော့ချိတ်) တစ်ပိဿာလျှင် (၃၅၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်းသိရသည်။

     ဈေးနှုန်းနှိုင်းယှဉ်ချက်အရ အာလူးဈေးသာ အနည်းငယ်တက်၍ ကျန်စားသောက်ကုန်ဈေးနှုန်းများမှာ ပြောင်းလဲမှုမရှိဘဲ တည်ငြိမ်လျက်ရှိကြောင်း သိရသည်။

DOCA (ကရင်)