
မန္တလေးမြို့တွင်းသို့ စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုနှင့်ရေဦးနယ်များမှ ထွက်ရှိသော ရွှေဘိုပေါ်ဆန်း၊ ဧရာမင်း၊ မဂျမ်းတောနှင့် ပဒေသာဆန်များနှင့် ပဲခူးတိုင်းဒေသကြီးအတွင်း ဒိုက်ဦး၊ ညောင်လေးပင်၊ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်၊မြောင်းမြဘက်များမှ ဖန်သီးသုခ၊ ရက် ၉၀၊ မိုးမနောသုခ၊ မှော်ဘီ-၂၊ မှော်ဘီ-၃ ဆန်များလည်း ဝင်ရောက်လျှက်ရှိပါသည်။ မန္တလေးမြို့တွင်းသို့ ဝင်ရောက်သည့်ဆန်များအနေနှင့် အောက်ပိုင်းမှဝင်ရောက်သည့်ဆန်များကို ပြည်သူများအနေနှင့် စားသုံးမှုနည်းပြီး မုန့်လုပ်ငန်းများတွင် အသုံးပြုမှုများကြောင်း၊ ဆန်ဈေးနှုန်း ဈေးကွက်အနေနှင့် ဖန်သီးသုခ၊ ရက် ၉၀၊ မိုးမနောသုခ၊ မှော်ဘီ-၂၊ မှော်ဘီ-၃ဆန်များအနေနှင့် ၂၄ ပြီ ၁အိတ်လျှင် ၈၅၀၀၀ ကျပ်မှ ၉၀၀၀၀ ကျပ်၊ စားသုံးမှုများသည့် ရွှေဘိုပေါ်ဆန်း ၁ ပြည်လျှင် ၆၂၀၀ ကျပ်မှ ၆၅၀၀ ကျပ်၊ ၂၄ ပြည် ၁အိတ်လျှင် ၁၄၀၀၀၀ ကျပ်မှ ၁၅၀၀၀၀ ကျပ်၊ မဂျမ်းတော၊ ဧရာမင်း၊ ဧရာပဒေသာ ၁ ပြည်လျှင် ၆၀၀၀ ကျပ်မှ ၆၃၀၀ ကျပ်၊ ၂၄ ပြည် ၁အိတ် လျှင် ၁၃၅၀၀၀ ကျပ်မှ ၁၄၅၀၀၀ကျပ် ဈေးနှုန်းများနှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ကြောင်း သိရှိရပါသည်။
DOCA(မန္တလေး)