စိန်တစ်လုံးသရက်ဈေးကွက်

Powered by Drupal

         မန္တလေးမြို့တွင်းသို့ ကျောက်ဆည်၊ တံတားဦး၊ စဉ့်ကိုင်နှင့် ပုသိမ်ကြီးနယ်ဘက်များမှ စိန်တစ်လုံးသရက်သီးမှည့်များ ဧပြီလ ဒုတိယပတ်မှစတင်၍ ဈေးကွက်အတွင်း အရောင်းအဝယ် ဖြစ်လျက်ရှိပါသည်။ ကျောက်ဆည်ဒေသ၊  ဟံမြင့်မိုရ်ဒေသမှ စိန်တစ်လုံးသရက်သီးများ လုံးကြီး ၁၆လုံးပါ ဂျက်ဖာ ၁ ဖာလျှင် ၂၈၀၀၀ကျပ်မှ ၂၅၀၀၀ကျပ်၊ ၃၂ လုံးပါဂျက်ဖာ ၁ဖာလျှင် ၄၅၀၀၀ ကျပ်မှ ၅၀၀၀၀ကျပ် ဈေးနှုန်းများနှင့် နယ်ဝေးအမှာများသို့ ပေးပို့ရောင်းချလျက်ရှိသကဲ့သို့ မန္တလေး မြို့အတွင်း ဈေးကွက်ဈေးနှုန်းအနေနှင့် ကျောက်ဆည်ဒေသမှ ဝင်ရောက်သည့်စိန်တစ်လုံး သရက်သီး လုံးကြီး ၁၀လုံးလျှင် ၁၈၀၀၀ကျပ်နှင့် ၁၅၀၀၀ကျပ် လုံးလတ် ၁၀လုံးလျှင် ၁၄၀၀၀ကျပ် မှ ၁၃၀၀၀ကျပ်၊ ပုသိမ်ကြီးနယ်ဘက်မှထွက်ရှိသော စိန်တစ်လုံးသရက်အနေနှင့် လုံးကြီး ၁၀လုံး လျှင် ၂၀၀၀၀ကျပ်၊ လုံးလတ် ၁၀လုံးလျှင် ၁၆၀၀၀ကျပ်မှ ၁၅၀၀၀ကျပ်တို့နှင့် ဈေးကွက်တွင် အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ပေါ်ဦးပေါ်ဖျားအနေနှင့် စားသုံးသူများဝယ်ယူစားသုံးမှုရှိကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)