ဝမ်းတွင်းမြို့နယ်တွင် စပါးဈေးငြိမ်နေ

Powered by Drupal

          မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဧပြီလကုန်ပိုင်း၌ စပါးအဝယ်လိုက်လာသော်လည်း စပါးဆန်ဈေးများ ငြိမ်နေကြောင်း သိရသည်။ မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ်အနေဖြင့် စပါးကို မိုးစပါးကိုသာ အဓိကားထားစိုက်ပျိုးပြီး စိုက်ပျိုးသည့်မျိုးများမှာ မနောသုခကို အများဆုံး စိုက်ပျိုးကာ ဈေးကွက်တွင် ဈေးကောင်းရသည့် ဧရာပဒေသာစပါးကိုလည်း ရေ၊ မြေကောင်းသည့် ကျေးရွာများတွင် စိုက်ပျိုးမှုရှိလာပါသည်။ မိုးစပါးကို ဒီဇင်ဘာလကုန်ပိုင်းတွင် စတင်ရိတ်သိမ်းခဲ့ရာ အသစ်ပေါ်စတွင် တင်း(၁၀၀)လျင် ၂၂၀၀၀၀၀ ကျပ်၊ ပဒေသာမှာ ၃၀၀၀၀၀၀ ကျပ်ရှိခဲ့ပြီး လက်ရှိအချိန်တွင်လည်း အဆိုပါဈေးများနှင့် ဈေးငြိမ်နေပါသည်။ ယခုနှစ်မိုးစပါးအသစ်ပေါ်ချိန်တွင် ယခင်နှစ်စပါးဟောင်းလက်ကျန် စက်ပိုင်နှင့် လှောင်လက်များ၏ လက်ဝယ်တွင် အကျန်ရှိနေခြင်း ကြောင့် အဝယ်အေးကာ ဈေးငြိမ်ခြင်းဖြစ်ကြောင်း စပါးကုန်သည်၊ စက်ပိုင်များထံမှ သိရသည်။ သင်္ကြန်ကာလပြီးနောက် အဝယ်လိုက်လာသည့်အတွက် တောင်သူများက မနောသုခတင်း(၁၀၀) လျင် ၂၃၀၀၀၀၀ ကျပ်ဈေးခေါ်သော်လည်း ဈေးကွက်မှာတော့ ၂၂၀၀၀၀၀ ကျပ်ဈေးနှင့်သာ အရောင်းအဝယ်ဖြစ်ကြောင်း သိရသည်။ မိတ္ထီလာခရိုင်အတွင် ဝမ်းတွင်းမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၌ မိုးစပါးကို(၅၉၈၄၇)ဧကဖြင့် အများဆုံးစိုက်ပျိုးသော မြို့နယ်ဖြစ်ကြောင်း သက်ဆိုင်ရာ စာရင်းများအရ သိရသည်။

DOCA(မန္တလေး)