
စားသုံးသူရေးရာဦးစီးဌာန၊ မြောက်ပိုင်းခရိုင်ဦးစီးမှူးရုံးကွပ်ကဲမှုအောက်ရှိ မှော်ဘီမြို့နယ်ခွဲရုံးမှ ဝန်ထမ်းများသည် ၂၈.၄.၂၀၂၅ ရက်နေ့ နံနက်(၀၉:၃၀)နာရီအချိန်တွင် မှော်ဘီမြို့နယ်ရှိ ဝါးနက်ချောင်းကျေးရွာရှိ စားအုန်းဆီလက်လီအရောင်းဆိုင်များသို့ ကွင်းဆင်းစစ်ဆေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဝါးနက်ချောင်းကျေးရွာရှိ စားအုန်းဆီကိုယ်စားလှယ် ဒေါ်နွယ်နွယ်ဝါနှင့် ဒေါ်မြင့်မြင့်ဝင်းဆိုင်များသို့ သွားရောက်ကွင်းဆင်းစစ်ဆေးခဲ့ရာ နေ့စဉ်ခွဲတမ်းများအတိုင်း ခွဲဝေပေးပါကြောင်း၊ လက်ကျန်လည်းမထားရှိပါကြောင်း၊ လက်ကား ကိုယ်စားလှယ်မှ မိမိတို့ ဆီမှ ရရှိသောခွဲတမ်းများကို စားသုံးသူပြည်သူများသို့ အလှည့်ကျဖြန့်ဝေပေးပါကြောင်း၊ ဈေးနှုန်းလည်းမြှင့်တင်ရောင်းချခြင်း မရှိပါကြောင်း၊ သတ်မှတ်စည်းကမ်းချက်များအတိုင်း လိုက်နာဆောင်ရွက်ထားပါကြောင်း ကွင်းဆင်း စစ်ဆေးချက်အရ သိရှိရပါသည်။
DOCA(ရန်ကုန်)