
မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ရှိ မြို့မဈေးကြီးတွင် အများပြည်သူများ စားသုံးရန်အတွက် ငါးအမျိုး မျိုးနှင့်ငါးခြောက်အမျိုးမျိုးတို့ကို လက်လီလက်ကားရောင်းချလျက်ရှိပါသည်။ဧပြီလစတုတ္ထပတ်အတွင်း ဖြစ်ပေါ်နေသော ငါးအမျိုးအမည်အလိုက် ဈေးနှုန်းများမှာ ငါးကြင်း တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ ငါးမြင်းနှင့်ငါးမြစ်ချင်းတစ်ပိဿာလျှင်(၁၈၀၀၀)ကျပ်၊ငါးရံ့တစ်ပိဿာလျှင်(၂၀၀၀၀)ကျပ်၊ငါးတန်တစ်ပိ ဿာလျှင်(၁၆၀၀၀)ကျပ်၊ငါးဘတ်တစ်ပိဿာလျှင်(၃၅၀၀၀)ကျပ် ၊ငါးဖယ်တစ်ပိဿာလျှင် (၂၅၀၀၀) ကျပ်တို့ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ငါးခြောက်ဈေးနှုန်းများမှာအာပြဲခြောက် တစ်ပိဿာလျှင် ကျပ်( ၄၀၀၀၀ )၊ ငါးရံ့ခြောက်တစ်ပိဿာလျှင် ကျပ်(၆၀၀၀၀) ၊ ငါးတံခွန်ခြောက်တစ်ပိဿာလျှင် ကျပ်(၁၅၀၀၀)၊ ငါးနီတူးခြောက်တစ်ပိဿာလျှင် ကျပ်(၃၂၀၀၀) ၊ငါးရောင်ခြောက် တစ်ပိဿာလျှင် ကျပ် (၄၈၀၀၀)၊ပုဇွန်ခြောက်တစ်ပိဿာလျှင် ကျပ် (၄၈၀၀၀) တို့ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။ဧပြီလ စတုတ္ထပတ်ငါးမျိုးစုံနှင့် ငါးခြောက်မျိုးစုံဈေးနှုန်းများကို ယခင်လနှင့်နှိုင်းယှဉ်ပါက တစ်ပိဿာလျှင် ၃၀၀၀-၄၀၀၀ ဈေးမြင့်လာကြောင်း ဈေးကွက်မှသိရှိရပါသည်။
DOCA(မန္တလေး)