မိတ္ထီလာမြို့အိမ်ဆောက်ပစ္စည်းဈေးကွက်

Powered by Drupal

         မိတ္ထီလာမြို့တွင် သင်္ကြန်ပြီးကာလများ၌ အိမ်ဆောက်ပစ္စည်းဈေးနှုန်းများတည်ငြိမ်လျက်ရှိပါသည်။အိမ်ဆောက်ပစ္စည်းများဖြစ်သော အုတ်၊ကျောက်၊သဲများကိုမိမိဒေသအတွင်း  ဝယ်ယူရရှိပြီး အုတ်တစ်ချပ်လျှင် (၂၅၀)ကျပ် သဲတစ်ကျင်းလျှင် (၃၀၀၀၀)ကျပ် ၃မူးကျောက် တစ်ကျင်းလျှင် (၁၄၀၀၀၀)ကျပ်တို့ဖြစ်သည်။ သစ်၊ဝါးများကို ယင်းမာပင်မြို့နှင့်တောင်ငူမြို့များမှ မှာယူရောင်းချရာ သစ်ခွဲသား(အသေး)တစ်တန်လျှင် ကျပ်သိန်း(၂၀၀၀၀၀၀)၊ယောက်ဝါးတစ်လုံးလျှင် (၁၅၀၀)ကျပ်၊ ဝါးခင်းကဒ်တစ်ချပ်လျှင် (၅၀၀၀)ကျပ်၊ ၇ x ၁၅  ထရံလိပ်တစ်လိပ်လျှင် (၃၀၀၀၀)ကျပ်တို့ဖြစ်ပါသည်။ သွပ် ၊ သံ ၊ သွပ်နန်းကြိုး ၊ သံချောင်း၊ ရိုက်သံ ၊သံမှို ၊ချိန်းလိပ်၊ ပိုက်၊ကြွေပြား စသည့် အိမ်ဆောက်ပစ္စည်းများကို ရန်ကုန် နှင့် မန္တလေးမြို့များမှ ဝယ်ယူရောင်းချကြပြီး သွပ်ပြား (ကြယ်စိမ်း)တစ်ပေလျှင် (၁၈၀၀-၂၀၀၀)ကျပ် ၊သွပ်ပြား (ဆင်) တစ်ပေလျှင် (၁၇၀၀)ကျပ်၊ကာလာသွပ်စိမ်းပြားတစ်ပေလျှင် (၂၃၀၀)ကျပ်၊ ၁၈ G သွပ်နန်းကြိုး တစ်ပိဿာလျှင် (၉၀၀၀-၁၂၀၀၀)ကျပ်၊ သွပ်ဆူးကြိုး ၃၀၀ပေ နန်းသေးတစ်ခွေ (၆၉၀၀၀)ကျပ်၊ သွပ်ဆူးကြိုး ၃၀၀ပေ နန်းတုပ်တစ်ခွေ (၈၅၅၀၀)ကျပ် ၂လက်မ၄လက်မ ရိုက်သံ တစ်ပိဿာလျှင် (၈၅၀၀)ကျပ် ၁.၅လက်မ ရိုက်သံ တစ်ပိဿာလျှင် (၉၀၀၀)ကျပ်၊သံပင်တစ်တန် ကျပ်သိန်း (၂၀၀၀၀၀၀)  ၃မူးသံချောင်း ၄၀ပေ (၁၂၃၀၀)ကျပ် သံဇကာ တစ်ပေ (၃၅၀၀)ကျပ်  3mm အထပ်သား ၈ပေx၄ပေ တစ်ချပ် (၂၈၀၀၀)ကျပ် 5mm အထပ်သား ၈ပေx၄ပေ တစ်ချပ် (၃၄၅၀၀)ကျပ်၊၈လက်မ x ၈လက်မ ကြွေပြားတစ်ချပ် (၁၁၅၀ - ၁၃၅၀)ကျပ် ၊ ၁၂လက်မ x ၁၂လက်မ ကြွေပြားတစ်ချပ် (၂၇၅၀)ကျပ်တို့ဖြစ်ပါသည်။ မိတ္ထီလာမြို့ပေါ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များအနေဖြင့် မိုးမကျမီဆောက်လုပ်ရေးလုပ်ငန်းများကြောင့် အရောင်းတွင်ကျယ်လျက်ရှိကြောင်း သိရသည်။

DOCA(မန္တလေး)