သာစည်မြို့နယ်အတွင်းရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များတွင် ဘိလပ်မြေဈေးနှုန်းများ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန ၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးတို့ပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့တွင်  သာစည်မြို့နယ်ရှိ အိမ်ဆောက်ပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်၍ ဘိလပ်မြေ ဈေးနှုန်းများအား ဈေးကွက် စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။

  ဈေးကွက်အတွင်းစောင့်ကြည့်စစ်ဆေးရာတွင် သာစည်မြို့နယ်အနေဖြင့် ဈေးကွက်တွင် ဘိလပ်မြေမျိုးစုံရှိသော်လည်း ယခင်က အပါချီဘိလပ်မြေတစ်မျိးတည်းသာ အရောင်းသွက်ကြောင်း၊ ယခုအခါ အပါချီဘိလပ်မြေမှာ လိုသလောက်မှာယူ၍ မရသဖြင့် ပစ္စည်းပြတ်လပ်ခြင်း၊ လက်ကျန် ပစ္စည်းများမှာလည်း ဈေးနှုန်းမြင့်တက်ခြင်းများရှိကြောင်းသိရသည်။ အပါချီဘိလပ်မြေ ပစ္စည်းပြတ်လပ်မှုရှိသည့်အတွက် ယခုအခါ ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့မှထုတ်လုပ်သည့် ရှမ်းရိုးမတံဆိပ် ဘိလပ်မြေများဈေးကွက်၌ အရောင်းအဝယ်ရှိလာသည်။လက်ရှိပေါက်ဈေးအနေဖြင့် အပါချီဘိလပ်မြေ တစ်အိတ်(50 kg)လျင် ၂၀၀၀၀/-၂၃၀၀၀/-၊ရှမ်းရိုးမတံဆိပ် ဘိလပ်မြေတစ်အိတ်လျင် ၂၅၀၀၀/-တို့ဖြင့် ရောင်းချနေကြောင်း၊အိမ်ဆောက်ပစ္စည်းဈေးကွက်တွင် ဘိလပ်မြေများ၏ ဈေးနှုန်း၊ ဈေးကွက်နှင့် ပစ္စည်းလက်ကျန်အပေါ် ပြတ်လပ်မှု ရှိ/မရှိ သိရှိနိုင်ရန်အတွက် ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)