မိတ္ထီလာ ဓါတ်မြေဩဇာ နှင့် ပိုးသတ်ဆေး ဈေးကွက်

Powered by Drupal

          မိတ္ထီလာမြို့ဈေးကွက်အတွင်း ဓါတ်မြေဩဇာဈေးနှုန်းများမှာ သီးနှံရာသီကုန်ချိန်ဖြစ်ခြင်းကြောင့် အရောင်းအဝယ်အေးလျှက်ရှိပြီး မျိုးစေ့များသာအရောင်းအဝယ်ပြုလုပ်နေကြကြောင်းနှင့် ဇူလိုင်၊ ဩဂုတ်လများရောက်မှသာ ဓါတ်မြေဩဇာများအရောင်းအဝယ်ဖြစ်ကြကြောင်း သိရပါသည်။

          ဓါတ်မြေဩဇာဈေးနှုန်းများအနေဖြင့်  ယူရီးယာ ဖြိုးမောက်တစ်အိတ်လျှင် ၁၀၀၀၀၀/ကျပ် ၊ (တရုတ်)ယူရီးယားရွှေတောင် တစ်အိတ်လျှင် ၁၀၂၀၀၀/မှ ၁၀၅၀၀၀/ကျပ် ၊ အာမို(၁၅: ၁၅: ၁၅) တစ်အိတ်လျှင် ၁၅၇၀၀၀/ကျပ် ၊ (ထိုင်း)အာမို(၁၀: ၁၀: ၁၀)တစ်အိတ်လျှင်၁၀၀၀၀၀/ကျပ် ၊ (ထိုင်း)အာမို (၁၀: ၁၀: ၅)တစ်အိတ်လျှင်၉၀၀၀၀/ကျပ် ၊ (ထိုင်း)အာမို(၁၆: ၁၆: ၁၆) တစ်အိတ်လျှင် ၁၇၆၀၀၀/ကျပ် ၊ (တရုတ်)တီစူပါ ၁၆% 50kg ပါတစ်အိတ်လျှင်၆၅၀၀၀/ကျပ် ၊ (တရုတ်)တီစူပါ ၄၆% 50kg ပါတစ်အိတ် လျှင်၁၃၀၀၀၀/ကျပ် ၊ ပိုးသတ်ဆေးအမျိုး.အစားများဖြစ်သည့် ဆိုင်ကလုန်း ၁လီတာတစ်ဗူးလျှင် ၈၅၀၀၀/ကျပ် ၊ ပရိုလန်း ၁လီတာတစ်ဗူးလျှင် ၈၅၀၀၀/ကျပ် ၊ ရွှေမျှား 250cc တစ်ဗူးလျှင် ၆၅၀၀/၇၀၀၀ ကျပ်၊ ဂိုး 250cc တစ်ဗူးလျှင် ၁၀၀၀၀/ကျပ် ၊ အဆီဖိတ်(ခရု)မြန်မာ့ဩဘာ 500g ၂၉၀၀၀/ကျပ် တို့ဖြင့် အရောင်းအဝယ်ဖြစ်လျှက်ရှိကြောင်း စုံစမ်းသိရှိရပါသည်။

 DOCA(မန္တလေး)