ဆန်အမျိုးအစားအလိုက် ဆန်အဝင်နှင့် ဆန်ဈေးနှုန်းစာရင်း

Powered by Drupal

      ဘုရင့်နောင်ဆန်စပါးကုန်စည်ဒိုင်သို့ ၂၆.၄.၂၀၂၅ ရက်နေ့တွင် ပဲခူး(အရှေ့) မှ ရှယ်စ ၂၀၁၃ အိတ်ဝင်ရောက်လာပြီး ဈေးနှုန်းမှာ၆၁၀၀၀ မှ ၆၂၀၀၀ ကျပ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၁၃၀ နှင့် ဈေးနှုန်းမှာ ၆၀၅၀၀ မှ ၆၁၅၀၀ကျပ်၊ လက်စအိတ်ရေ ၁၃၆၀နှင့် ဈေးနှုန်းမှာ ၅၉၅၀၀ မှ ၆၀၅၀၀ ကျပ်၊ ၂၅ မတ်ဆန်အိတ် ၉၅၆ နှင့် ဈေးနှုန်းများမှာ ၅၇၅၀၀ မှ ၅၈၅၀၀ ကျပ်၊ ဆန်ကွဲအိတ်ရေ ၄၂၃၀ နှင့် ဈေးနှုန်းများမှာ ၄၆၅၀၀ မှ ၅၀၀၀၀ ကျပ်တို့ဖြစ်ကြောင်း သိရှိခဲ့ရပြီး ပဲခူး(အနောက်) မှ ရှယ်စ ၂၁၂၀ အိတ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၂၀၃၆၊ လက်စအိတ်ရေ ၁၂၃၆၊  ၂၅ မတ်ဆန်အိတ် ၈၂၀၊ ဆန်ကွဲအိတ်ရေ ၄၁၀၀၊ ဧရာဝတီတိုင်းမှ ရှယ်စ ၂၀၄၀ အိတ်၊ ဆန်ကြမ်းထိပ်စအိတ်ရေ ၁၈၇၅၊ လက်စအိတ်ရေ ၁၁၄၀၊  ၂၅ မတ်ဆန်အိတ် ၁၀၂၃၊ ဆန်ကွဲအိတ်ရေ ၃၉၇၀ တို့ ဝင်ရောက် ပြီး ဈေးနှုန်းများမှာလည်း ပြောင်းလဲမှုမရှိကြောင်း သိရှိ ရပါသည်။

    ၂၆.၄.၂၀၂၅ ရက်နေ့သည် ၂၅.၄.၂၀၂၅ ရက်နေ့ထက်ဆန်သိသိသာသာဝင်ရောက်ကြောင်း သိရှိရပါသည်။ ဆန်သစ်များဝင်ရောက်လာသဖြင့် ဆန်ဈေးနှုန်းအနည်းငယ်အေးကြောင်း သိရှိရ ပါသည်။

DOCA(ရန်ကုန်)