
၂၀၂၅ ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး ၊ ကန့်ဘလူခရိုင် ၊ ကန့်ဘလူမြို့ မြို့မစည်ပင်သာယာဈေး ကွက်အတွင်းသို့ ယခုရာသီအချိန်တွင် ကန့်ဘလူမြို့ပေါ်ရပ်ကွက်များနှင့် ကန့်ဘလူမြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးကြသော ရွှေဖရုံသီးများကို ကန့်ဘလူမြို့မဈေးကွက်သို့ လာရောက်ပို့ဆောင်ရောင်းချကြီးပြီး ရာသီချိန်မဟုတ်သည့် ကာလများတွင် ရွှေဖရုံသီးများကို မန္တလေးမြို့တို့မှ မှာယူရောင်းချရကြောင်း သိရှိရပါသည်။
မိမိတို့ဒေသထွက် ရွှေဖရုံသီးများကို ဈေးကွက်အတွင်းသို့ ဝင်ရောက်ကာ လှိုင်လှိုင်ထွက်ရှိလာသည့်အတွက် ဒေသတွင်း ရွှေဖရုံသီးများကိုသာ မှာယူရောင်းချရပါသည်။ ဒေသထွက် ရွှေဖရုံသီးများမှာ ကန့်ဘလူမြို့နယ်အတွင်း ကာဘိုးကျေးရွာ၊ ဇီးကုန်းကျေးရွာတို့ဘက်မှ ထွက်ရှိသည့်အတွက် ဈေးနှုန်းအနေဖြင့် သက်သာသောကြောင့် ဒေသထွက်ရွှေဖရုံသီးများကိုသာ လှိုင်လှိုင်ဝယ်ယူရောင်းချလျက်ရှိကြောင်း သိရှိရပါသည်။
၂၀၂၅ ခုနှစ်၊ ယခု ဧပြီလ နောက်ဆုံးအပတ်တွင် ဒေသထွက်ရွှေဖရုံသီးဈေးနှုန်းအနေဖြင့် ရွှေဖရုံသီး အကြီး တစ်လုံးလျှင်(၃၀၀၀)ကျပ်၊ ရွှေဖရုံသီး အလတ် တစ်လုံးလျှင်(၂၅၀၀)ကျပ်၊ ရွှေဖရုံသီး အသေး တစ်လုံးလျှင်(၂၀၀၀)ကျပ် နှင့် ရွှေဖရုံသီး တစ်စိတ်လျှင်(၅၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရပါသည်။
DOCA(စစ်ကိုင်း)