ကန့်ဘလူမြို့မဈေးတွင် ဆူးပုတ်ရွက်ဈေးနှုန်းများကျဆင်းလျက်ရှိ

Powered by Drupal

    ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်အတွင်း စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်လျက်ရှိရာ မိမိတို့ အိမ်ခြံဝင်းအတွင်းနှင့် တောင်ယာမြေများတွင် တစ်နိုင်တစ်ပိုင်အနေဖြင့် စားဖိုဆောင်သီးနှံများကို  စိုက်ပျိုးထားကြသည့်အနက် ဆူးပုတ်ရွက်သည်လည်း တစ်မျိုးပါဝင်ပါသည်။ ဆူးပုတ်ရွက်ကို ကန့်ဘလူမြို့နယ်၊ နတ်ပေးကျေးရွာနှင့် မြို့ပေါ်ရပ်ကွက်အသီးသီးတို့မှ လာရောက်ရောင်းချကြခြင်းဖြစ်ပြီး မိုးဖြိုင်ဖြိုင်ရွာသွန်းလာသည့်အတွက် ဆူးပုတ်ရွက်များ လှိုင်လှိုင်ထွက်ရှိကာ ဈေးနှုန်းအနေဖြင့် ဧပြီလ လဆန်းပိုင်းထက် ထက်ဝက်ကျဆင်းလျက်ရှိပါသည်။ ဆူးပုတ်ရွက်ကို မိမိတို့ ဒေသတွင်သာမက ဒေသတိုင်းတွင် လူကြိုက်များပြီး အစားများသော အရွက်တစ်မျိုး ဖြစ်ပါသည်။

    ၂၀၂၅ ခုနှစ်၊ ဧပြီလ စတုထ္ထပတ်အတွင်း ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ် အစည်း (၁)စည်းလျှင် (၁၀၀)ကျပ်၊ (၁၀)စည်းပါ တစ်ထုံးလျှင် (၁၀၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်း အဝယ်ဖြစ်ခဲ့ပြီး ယခု ၂၀၂၅ ခုနှစ်၊ ဧပြီလ နောက်ဆုံးပတ်အတွင်း ဆူးပုတ်ရွက် ဈေးနှုန်းအနေဖြင့် ဆူးပုတ်အစည်း (၁)စည်းလျှင် (၁၅၀)ကျပ်၊ (၁၀)စည်းပါ တစ်ထုံးလျှင် (၁၃၀၀)ကျပ်ဈေးနှုန်းဖြင့် အရောင်း အဝယ် ဖြစ်လျက်ရှိသောကြောင့် ယခင်အပတ်ထက် ဆူးပုတ်ရွက်ဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း ကုန်စိမ်းဈေးသည်တစ်ဦးထံမှ သိရပါသည်။

DOCA(စစ်ကိုင်း)