“ ကော့မှူးမြို့နယ်သခွတ်ပင်ကျေးရွာအုပ်စုရှိဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဆိုင်များသို့ ဘိလပ်မြေအမျိုးအစားအလိုက်ဖြန့်ဖြူးရောင်းချနေမှုအခြေအနေအားကွင်းဆင်းစစ်ဆေး ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ် သခွတ်ပင်ကျေးရွာအုပ်စုရှိ ဆောက်လုပ်ရေးသုံးပစ္စည်းအရောင်းဆိုင်များသို့ ကော့မှူးမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ၏ ညွန်ကြားချက်နှင့်အညီ ဘိလပ်မြေအမျိုးအစားအလိုက် ဈေးနှုန်းနှင့် ပစ္စည်းပြတ်လပ်မှုရှိ/မရှိ အခြေအနေတို့အား ဧပြီလ (၂၅)ရက်နေ့၊ နံနက် (၁၁:၀၀)နာရီအချိန်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပူးပေါင်း၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကော့မှူးမြို့နယ် သခွတ်ပင်ကျေးရွာအုပ်စု ရဲစခန်းမှ ဒုရဲအုပ်နှင့် တပ်ဖွဲ့ဝင်များ၊ စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံတို့ ပူးပေါင်းအဖွဲ့သည် သခွတ်ပင် ကျေးရွာရှိ မိဘရိပ် အိမ်ဆောက်ပစ္စည်းဆိုင်နှင့် ကြယ်စင်လင်း အိမ်ဆောက်ပစ္စည်း အမျိုးမျိုး ရောင်းဝယ်ရေးဆိုင် စသည့် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ဝယ်ယူ၊ သိုလှောင်၊ ဖြန့်ဖြူးသည့် ဆိုင်ပိုင်ရှင်လုပ်ငန်းရှင်များ နှင့် တွေ့ဆုံပြီး အိမ်ဆောက်ပစ္စည်းများဖြစ်သော သွပ်၊ သံ၊ ဘိလပ်မြေ၊ အိမ်ရိုက် သံနှင့် သစ်အစရှိသည့် ပစ္စည်းများအား ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း၊ ဈေးကစားရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်ထားခြင်း၊ ရောင်းချမှုမရှိဘဲ ကြာရှည်စွာ သိုလှောင်ထားခြင်းများ မပြုလုပ်ကြရန် အသိပညာပေး ဆွေးနွေးပြောကြားခဲ့ပြီး သွပ်၊ သံ၊ ဘိလပ်မြေ၊ အိမ်ရိုက်သံနှင့် သစ် အစရှိသော ကုန်ပစ္စည်းဈေးနှုန်းများနှင့် ပစ္စည်းလက်ကျန် အခြေအနေ တို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)