
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် မိုးစပါးများကို နှစ်စဉ်စိုက်ပျိုး လျှက်ရှိပြီး စပါးသီးနှံရိတ်သိမ်းပြီးချိန် ဆောင်းသီးနှံ ပဲမျိုးစုံကို သီးထပ်အဖြစ် စိုက်ပျိုးခဲ့ရာ စိုက်ပျိုးရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ခုနှစ် စိုက်ပျိုးမှုစာရင်းများအရ ခရမ်းမြို့နယ်တွင် ပဲတီစိမ်း (၁၀၄၄၉၄)ဧက စိုက်ပျိုးကြောင်း သိရသည်။ ပဲတီစိမ်းများမှာ ဒီဇင်ဘာလမှ စတင်စိုက်ပျိုးခဲ့ပြီး ဖေဖော်ဝါရီလ ပထမပတ်မှစ၍ ထွက်ရှိလာပြီး ဈေးကွက်အတွင်းသို့ ဝင်ရောက်ခဲ့ပြီး ခရမ်းဒေသထွက် ပဲတီစိမ်းများ ကို ရန်ကုန်၊ ရွှေပြည်သာ၊ လှိုင်သာယာ၊ တောင်ဒဂုံစက်မှုဇုံများရှိ ပွဲရုံများသို့ တင်ပို့ရောင်းချကြပြီး ပဲတီစိမ်းစပေါ်ချိန် အဖွင့်ဈေးမှာ (၁)တင်းလျှင် (၁၁၅၀၀၀) ကျပ်ရှိခဲ့ပြီး ဧပြီလ စတုတ္ထပတ်တွင် (၂၀)ပိဿာ (၁)တင်းလျှင် (၁၁၇၀၀၀)ကျပ်မှ (၁၂၀၀၀၀) ကျပ်ထိ ဈေးနှုန်းဖြင့် ပဲအရည်အသွေးပေါ် လိုက်၍ ဈေးနှုန်းသတ်မှတ် ဝယ်ယူကြကြောင်း၊ ဈေးကွက်အနေဖြင့် ပြည်ပတင်ပို့ရန်သာ ဝယ်ယူကြပြီး ဒေသတွင်း ပဲပင်ပေါက်ဖောက် စားသုံးရန်နှင့် မျိုးပဲအဖြစ်သာ ပဲလက်ကျန် အနည်းငယ်သာ သိုလှောင်ထားကြကြောင်း သိရသည်။
DOCA(ရန်ကုန်)