“ သုံးခွမြို့နယ်တွင်နိုင်ငံ့ဝန်ထမ်းပင်စင်စားအငြိမ်းစားများအားစားအုန်းဆီအိမ်တိုင်ရာ ရောက်ဖြန့်ဖြူးရောင်းချခြင်း ”

Powered by Drupal

    ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းပင်စင်စား အငြိမ်းစားများအား ရန်ကုန်တိုင်းဒေသကြီး စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီ၏ စိစစ်ကြီးကြပ်မှုဖြင့် မြန်မာ့စီးပွားရေးဘဏ်ရှေ့တွင် ဧပြီလ(၂၅)ရက်နေ့၊ နံနက် (၀၇:၀၀)နာရီအချိန်မှ နေ့လယ် (၁၃:၀၀)နာရီအချိန်အထိ စားအုန်းဆီများအား ရောင်းချပေးခဲ့ကြောင်း သိရသည်။

     ထိုသို့ ရောင်းချပေးရာတွင် စားအုန်းဆီ အိမ်တိုင်ရာရောက် ဖြန့်ဖြူးရောင်းချရေး ကော်မတီ အပြင် မြို့နယ်ရှိ ဆီကိုယ်စားလှယ်များနှင့် စားသုံးသူရေးရာဦးစီးဌာနတို့မှ စားသုံးသူ ပြည်သူပင်စင်စားများ လွယ်ကူချောမွေ့စွာ ဝယ်ယူရရှိနိုင်စေရေး ဝိုင်းဝန်းကူညီ ပူးပေါင်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ အိမ်တိုင်ရာရောက်စနစ်ဖြင့် လာရောက်ဖြန့်ဖြူးရောင်းချပေးသဖြင့် နိုင်ငံ့ဝန်ထမ်းပင်စင်စားများအနေဖြင့်လည်း များစွာအဆင်ပြေမှုရှိကြောင်း၊ ပင်စင်စား တစ်ဦးလျှင် (၂.၇၅)ပိဿာဖြင့် တစ်ဗူးလျှင် (၂၃၀၀၀)ကျပ်ဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

DOCA(ရန်ကုန်)