
ရန်ကုန်တိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူး ဦးလှစိုး နှင့် ဝန်ထမ်းများသည် ၂၂.၄.၂၀၂၅ ရက်နေ့၊ နံနက် (10:30) နာရီတွင် အမှတ် (187), ဗဟိုရ်လမ်း၊ စမ်းချောင်းမြို့နယ်ရှိ ရွှေအိုးဆေးဆိုင်မှ ဆိုင်တာဝန်ခံ ဒေါ်အေးသန္တာထွန်းနှင့် သွား ရောက်တွေ့ဆုံ၍ ဆေးဆိုင်အတွင်းရှိဆေးဝါးများအား စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိ ရပါသည်။
ထိုသို့စစ်ဆေးမေးမြန်းရာတွင် ဆေးဆိုင်တွင် ဆေးအမျိုးပေါင်း (250) ကျော်ရှိပြီး သွေးကျ ဆေး၊ ရင်ကျပ်ပျောက်ဆေး၊ အပူလိမ်းဆေး၊ အကိုက်ခဲပျောက်ဆေး၊ လေဆေး၊ အစာအိမ်ဆေး၊ ဆီးချိုဆေး၊ အားဆေးများမှာ ရောင်းအားကောင်းသောဆေးများဖြစ်ပြီး ဝယ်ယူသည့်ဈေးနှုန်း၊ ရောင်းချသည့်ဈေးနှုန်း ၊ ပစ္စည်းပြတ်လပ်မှုရှိ/မရှိ၊ ဖြစ်သင့်ဖြစ်ထိုက်သည့် ဈေးနှုန်းထက် ဈေးနှုန်း မြှင့်တင်ရောင်းချမှု ရှိ/ မရှိ တို့ကို စစ်ဆေးခဲ့ကြောင်း သတင်းရရှိ ပါသည်။
DOCA(ရန်ကုန်)