စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဖြစ်ပေါ်နေသော စပါး/ ဆန်ဈေးနှုန်းများအခြေအနေ

Powered by Drupal

  စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဧပြီလ  (စတုတ္ထ) ပတ်တွင် ဖြစ်ပေါ်နေသော စပါး/ ဆန် ဈေးနှုန်းများမှာ ရွှေဘိုခရိုင်၊ ရွှေဘိုပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၉၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၄၀၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၁၅၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါသည်။

  ရေဦးခရိုင်၊ ရေဦးမြို့နယ်မှ ပေါ်ဆန်း (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၃၈၀၀၀၀၀၊ ပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၅၀၀၀ ၊ ဧရာမင်း  (စပါး)(သစ်)  တင်း ၁၀၀လျှင် ကျပ် ၂၃၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ်  ၁၁၅၀၀၀ အရောင်း အဝယ်ဖြစ်နေကြောင်း သိရပါသည်။

  ဧည့်မထ(စပါး)(သစ်) တင်း၁၀၀ လျှင် ကျပ် ၁၇၀၀၀၀၀ ၊ဧည့်မထ (ဆန်)(သစ်) ‌၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၆၈,၀၀၀၊ ငစိန်(စပါး) (ဟောင်း) တင်း၁၀၀လျှင် ကျပ်၂၀၀၀၀၀၀ ၊ဧရာမင်း(စပါး)(သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၁,၀၀,၀၀၀၊ ဧရာမင်း(ဆန်)(သစ်) ၂၄ပြည်ပါ တစ်အိတ်မှာ ကျပ် ၈၃၀၀၀ ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရပါ သည်။

  ဆင်းဧကရီ(၃)(စပါး)(သစ်)  တင်း၁၀၀ လျှင် ကျပ် ၁၆,၀၀,၀၀၀၊ ဆင်းဧကရီ-၃ ဆန်(သစ်)  ၂၄ပြည်တစ်အိတ်မှာ ကျပ် ၈၀,၀၀၀၊ ဧရာမင်း(စပါး) (ဟောင်း) တင်း ၁၀၀လျှင် ကျပ် ၂၈၀၀၀၀၀၊ ဧရာမင်း (ဆန်)(ဟောင်း) ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၃၂၀၀၀    ဖြင့်အရောင်းအဝယ်ဖြစ် နေကြောင်း သိရပါသည်။

  မုံရွာခရိုင်၊ မုံရွာမြို့တွင် ဧရာမင်း(စပါး)(ဟောင်း) တင်း ၁၀၀ လျှင် ကျပ် ၂၈၅၀,၀၀၀၊  ဧရာမင်း (ဆန်)(‌ဟောင်း) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၃၅၀၀၀၊ ဧရာမင်း (စပါး) (သစ်) တင်း ၁၀၀ လျှင် ကျပ် ၂၅၀၀၀၀၀၊ ဧရာမင်း ဆန် (သစ်) ၂၄ ပြည်ပါ တစ်အိတ်လျှင် ကျပ် ၁၂၅၀၀၀ ၊ ရွှေဘိုပေါ်ဆန်း(စပါး)(သစ်)  တင်း ၁၀၀ လျှင် ကျပ် ၃၈၀၀၀၀၀၊ ရွှေဘိုပေါ်ဆန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၁၄၀၀၀၀၊ မနောသုခ (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၁၉၀၀,၀၀၀၊  မနောသုခ (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀၊ ရွှေဝါထွန်း (စပါး)(သစ်)တင်း ၁၀၀ လျှင် ကျပ် ၂၁၀၀၀၀၀၊  ရွှေဝါထွန်း (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၅၀၀၀၊ ရွှေသွယ်ရင်  (စပါး)(သစ် ) တင်း ၁၀၀ လျှင် ကျပ် ၂၀၀၀,၀၀၀၊  ရွှေသွယ်ရင် (ဆန်)(သစ်) ၂၄ပြည် တစ်အိတ်မှာ ကျပ် ၈၀၀၀၀ ဖြင့် အရောင်းအဝယ် ဖြစ်နေပြီး မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှထုတ်ပြန်သည့် စိုက်ပျိုးသူတောင်သူများ အပါအဝင် ကုန်သွယ်ရောင်းဝယ်သိုလှောင်ကြသူများအထိ သင့်တင့်မျှတသော ရည်ညွှန်းဈေးနှုန်းများ အ‌ပေါ်မူတည်၍ ယခု ဧပြီလ စတုတ္ထပတ်တွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ရွှေဘိုမြို့နယ်မှ ရွှေဘို ပေါ်ဆန်း စပါး/ ဆန် ဈေးနှုန်းနှင့် မုံရွာမြို့နယ်မှ ရွှေသွယ်ရင်၊ မနောသုခ စပါး/ဆန် (သစ်) ဈေးနှုန်းများမှာ ‌ဈေးကွက်အတွင်း ဝယ်လက်များနေချိန်ဖြစ်သောကြောင့်  ဧပြီလ ဒုတိယ အပတ်ဈေးနှုန်းနှင့် နှိုင်းယှဉ်လျှင် ဈေးနှုန်းအနည်းငယ်မြင့်တက်လျှက်ရှိကြောင်း သိရှိရပါသည်။

DOCA(စစ်ကိုင်း)