
ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဧပြီလ (၁၆) ရက်နေ့မှ ဧပြီလ (၂၂) ရက်နေ့အထိဖြစ်ပေါ်ခဲ့သော ပြင်ဦးလွင် မှ ဘောက်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၁၀၀၀၀ မှ ၇၀၀၀၊ ရေးမှ မင်းကွတ်သီး တစ်သေတ္တာ ကျပ် ၁၈၀၀၀၀ မှ ၁၂၀၀၀၀၊ ပြင်ဦးလွင် မှ စတော်ဘယ်ရီ တစ်ဘူး ကျပ် ၇၀၀၀ မှ ၁၅၀၀၊ ဧရာဝတီတိုင်းမှ သင်္ဘောသီး ကျပ် ၅၀၀၀ မှ ၂၀၀၀၊ အောင်ပန်း မှ ပျားလိမ္မော် တစ်ပိဿာ ၈၀၀၀ ကျပ်၊ တပ်ကုန်း မှ ဖရဲသီး(ဘာဟုဘာလီ) အလုံးကြီး ကျပ် ၈၀၀၀ မှ ၇၀၀၀ မှ ၆၀၀၀၊ ပုပ္ပါးမှ မာလာကာသီး အိတ်တစ်အိတ် ၈၀၀၀၀ မှ ၆၀၀၀၀ ကျပ်၊ ကျိုက်ထို မှ ကျွဲကောသီး ကျပ် ၅၀၀၀ ယိုးဒယားပန်းသီး တစ်သေတ္တာ ကျပ် ၁၆၀၀၀၀၊ ကျိုက်ကော်မှ နာနတ်သီး ၄၀၀၀ မှ ၂၀၀၀ ကျပ်၊ တိုက်ကြီးနှင့်ဘီးလင်းမှ ပိန္နဲသီး ၃၅၀၀၀ မှ ၂၀၀၀၀ ကျပ်၊ ဧရာဝတီတိုင်းမှ မချစ်စု ခြင်းကြီးတစ်ခြင်း ၆၅၀၀၀ မှ ၅၀၀၀၀ ကျပ်၊ သရက်သီး စိန်တစ်လုံး ၅၅၀၀၀ မှ ၅၀၀၀၀ ကျပ် သရက်သီး သံကွန်ချာ ၈၀၀၀၀ မှ ၇၀၀၀၀ ကျပ်၊ ပျားရည်ဆမ်းသရက်သီး ၃၅၀၀၀ မှ ၂၅၀၀၀ ကျပ်၊ ပန်းဆွဲသရက်သီး ၄၀၀၀၀ မှ ၃၀၀၀၀ ကျပ်တို့ရှိကြောင်း သီရိမင်္ဂလာဈေးရှိ မြန်မာနိုင်ငံသစ်သီးဝလံပန်းမန်ဟင်းသီးဟင်းရွက်စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချသူများ အသင်း (MFVP) မှ သိရှိရပါသည်။
DOCA(ရန်ကုန်)