
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးဦးလှစိုးနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆန်စပါးအသင်းမှ ဦးအောင်မိုးလှိုင် တို့ ပူးပေါင်း၍ (၉-၄-၂၀၂၅) ရက်နေ့ ၊ (၁၀:၂0)နာရီအချိန်တွင် အမှတ်(၁၀၃)၊မြန်မာ့ဂုဏ်ရည်လမ်း၊ကန်တော်ကလေး/တောင်ရပ်ကွက် ရှိ ဆိုင်ရှင်ဦးသန်းနိုင် (ကြယ်ကမ္ဘာ)ဆန်ရောင်းဝယ်ရေးအား သွားရောက်၍ ဆန်ရောင်းချမှု အခြေအနေ များ စစ်ဆေးဆောင်ရွက်ခဲ့ပါသည်။
ထိုသို့စစ်ဆေးခဲ့ရာတွင် စားသုံးသူရေးရာဦးစီးဌာနမှ ဦးလှစိုးက ဆိုင်အတွင်းရောင်းချ နေသော ရွှေဘိုပေါ်ဆန်း၊ ကြားပျံ၊ ဧရာပေါ်ဆန်းစသည့် ဆန်များ၏ ၁ပြည်၊ ၁အိတ် ရောင်းချ သည့်ဈေးနှုန်း များနှင့် ဆန်အိတ်လက်ကျန်များစစ်ဆေးခဲ့ပြီး၊ သဘာဝဘေးအန္တာရာယ်များကို အကြောင်းပြု၍ ဆန်ဈေးနှုန်းများကို ဈေးမြှင့်တင် ရောင်းချခြင်းမပြုရန် စားသုံးသူပြည်သူများ အခက်အခဲမရှိ ဝယ်ယူ စားသုံးနိုင်ရေးနှင့် သတ်မှတ်ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးကြရန်၊ ဆန်များသိုလှောင်ထားခြင်း မပြုလုပ်ကြရန် အသိပညာပေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။
DOCA(ရန်ကုန်)