
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည် တိုင်းဒေသကြီးဦးစီးမှူး၏လမ်းညွှန်မှု၊ ခရိုင်ဦးစီးမှူး၏ကြီးကြပ်မှုတို့ဖြင့် စားသုံးသူကာကွယ်ရေးလုပ်ငန်းများအပြင် အခြားသတင်းအချက်အလက်များကိုလည်း သိရှိလေ့လာနိုင်စေရန် ရည်ရွယ်၍ ဒေသတွင်းရှိ စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ၏ စိုက်ပျိုးထုတ်လုပ်မှု၊ အကျိုးအမြတ်ရရှိမှုတို့ကို ကွင်းဆင်းလေ့လာပြီး ရေးသားတင်ပြလျက်ရှိကြောင်း သိရသည်။
ကျွန်းလှမြို့နယ်တွင် စိုက်ပျိုးရလွယ်ကူပြီး မြေနေရာအများကြီးမလိုသော ရုံးပတီသီးကို စိုက်ပျိုးကြကြောင်း ၊ ယခုအခါ စားသောက်ဆိုင်များ၊ အကင်ဆိုင်များတွင် ရုံးပတီသီးသည် လူအများကြိုက်နှစ်သက်သည့် အစားအစာဖြစ်ပြီး သစ်ရာမြိုင်ဈေးတွင် ရုံးပတီသီး(၅၀)ကျပ်သားလျှင် (၁၂၀၀)ကျပ်၊ (၁)ပိဿာလျှင်(၂၂၀၀)ကျပ်ဖြင့်ရောင်းချကြောင်း၊ ရုံးပတီသီးကို မိမိတို့နေအိမ်ခြံဝန်း၌လည်းကောင်း၊ ယာကွက်များ၌လည်းကောင်း စိုက်ပျိုးထွက်ရှိသည့်အတွက် ဟင်းတစ်ခွက်အပြင် အသီးကို ခူးဆွတ်ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေရရှိကြောင်း သိရသည်။
DOCA(စစ်ကိုင်း)